ဒီတစ်ပတ် အင်တာဗျူးကဏ္ဍ အတွက် ရွေးချယ်ထားသူကတော့ အဆိုတော် ချစ်ကောင်းရဲ့ မျိုးဆက်သစ် သမီးငယ် အိမ့်ချစ်ပဲ ဖြစ်ပါတယ်။ ‘ရေစီးကြောင်းသံယောဇဉ်’ သီချင်းမှာ အဖေနဲ့ တွဲဆိုခဲ့တဲ့ သမီးငယ်လေး အဖြစ်ကတည်းက ထူးခြားတဲ့အသံနဲ့ ဆိုဟန်ကို ပရိသတ်တွေ သတိထားမိ စေခဲ့တာပါ။ သင်္ကြန်သီချင်းခွေ အပါအ၀င် အတွဲခွေတွေမှာ သူ့ရဲ့သီချင်းတွေကို ပရိသတ်အားပေးခဲ့ရာက ရဲလေးနဲ့ တွဲဖက် သီဆိုခဲ့တဲ့ ‘နှုတ်မဆက်ချင်ဘူး’ သီချင်းမှာတော့ အဆိုတော် အိမ့်ချစ်အဖြစ် ပရိသတ်က နေရာတစ်နေရာ ပေးထားခဲ့ပါပြီ။ ရှိုးပွဲပေါင်းများစွာ လက်ခံသီဆိုပြီးသလို ‘ယုဇနပင်နဲ့ ဖဲကြိုးဝါ’ ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အိမ့်ချစ်က တစ်ကိုယ်တော်စီးရီး ‘ကိုယ်တိုင်ရေးပုံတူ’ ကို ပရိသတ် လက်ထဲ ပို့ဆောင်ပေးနိုင်ခဲ့သလို တစ်ကိုယ်တော်ခွေ ဖြစ်လာတဲ့အထိ ကြိုးစားခဲ့ရတဲ့ ခရီးလမ်းက အခက်အခဲတွေကို ပြန်လည်ဖွင့်ဟရာမှာလည်း ၀မ်းနည်းမျက်ရည် ကျတဲ့အထိ ခံစားချက်တွေ ပြင်းထန်ခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ အရိပ်အောက်ကနေ ကိုယ်တိုင်ကြိုးစားမှု မှတ်တိုင်တွေ စိုက်ထူနိုင်အောင် ကြိုးစားခဲ့တဲ့ အိမ့်ချစ်ပြောပြခဲ့သမျှ အနုပညာရေးရာတွေကို ဖတ်ရှုခံစားကြည့်ပါဦး . . .
မေး     ။         တစ်ကိုယ်တော်စီးရီးရဲ့ ခေါင်းစဉ်ကို ‘ကိုယ်တိုင်ရေးပုံတူ’လို့ ဘာကြောင့် ပေးဖြစ်တာလဲ။ အဲဒီအကြောင်းကစပြီး ပြောပြပေးပါလား။
ဖြေ      ။         ‘ကိုယ်တိုင်ရေးပုံတူ’ ဆိုတဲ့ ခေါင်းစဉ်က အရင်ပေးပြီးသား ခေါင်းစဉ်ဖြစ်တဲ့အတွက် သိချင်ကြတဲ့သူ၊ မေးတဲ့သူ တော်တော်များပါတယ်။ ဘာကြောင့်ပေးဖြစ်လဲဆိုရင် အိမ့်ချစ် ၁၃ နှစ်သမီးဘ၀မှာ ဖေဖေ့ အမှတ်တရ လိုက်ဖ်ရှိုးမှာစပြီး ဆိုဖြစ်တဲ့အချိန်မှာ ပရိသတ်ရဲ့ အသိအမှတ်ပြုမှုကို စပြီး ရခဲ့ပါတယ်။ ဒီနောက်ပိုင်းနယ်တွေ မှာရော ရန်ကုန်မှာပါ ရှိုးပွဲတွေဆိုဖို့ လာငှားတော့ အိမ့်ချစ်မှာ ကိုယ်ပိုင်သီချင်း ဆိုဖို့မရှိဘူး။ ဒါကြောင့် အိမ့်ချစ် ဖေဖေ့သီချင်းတွေနဲ့ ဖျော်ဖြေဖြစ်ခဲ့ပါ တယ်။ နောက်ပိုင်းကျမှ ကိုရဲလေးနဲ့ သီချင်းတို့ သင်္ကြန်သီချင်းတို့ ကိုယ်ပိုင်ရှိလာပြီး ရှိုးတွေမှာ ဆိုဖြစ်တာပေါ့နော်။ အဲဒီလို ဂီတဖြတ်သန်းမှုအစမှာ ဖေဖေ့ သီချင်းတွေနဲ့ ဖြတ်သန်းခွင့်ရတာက အိမ့်ချစ်ဘ၀အတွက် အမှတ်တရပါပဲ။ ဒါကြောင့် ‘ကိုယ်တိုင်ရေးပုံတူ’ ဆိုတဲ့ ခေါင်းစဉ်လေးပဲ မြတ်မြတ်နိုးနိုးပြန် သုံးဖြစ်တာ။
မေး     ။         တစ်ကိုယ်တော် ခွေလေးဖြစ်လာဖို့ ကြိုးစားခဲ့ရတဲ့ အပိုင်းကိုလည်း ပြောပြပေးပါဦး။
ဖြေ      ။         အိမ့်ချစ်ရဲ့ တစ်ကိုယ်တော်ခွေ ဖြစ်လာဖို့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။ အခွေတစ်ခွေဖြစ်လာဖို့ သီချင်းစုတာ၊ အသံသွင်းတာ၊ အတီးပိုင်းတီးတာ၊ mixing ဆွဲတာ အစအဆုံးကို အိမ့်ချစ်ကိုယ်တိုင်ပဲ လိုက်လုပ်ခဲ့ရပါတယ်။ ပြောရရင် ၀မ်းနည်းအားငယ်တဲ့ ခံစားချက်တွေလည်း ခံစားခဲ့ရတယ်။ အခွေလုပ်နေတဲ့ အချိန်တစ်လျှောက်လုံးမှာ ညမိုးချုပ်မှ အိမ်ပြန်ရတယ်ဆိုတာ နေ့တိုင်းပဲ။ ဒီအတွက် သူများတွေရဲ့အထင်အမြင်လွဲခြင်းကိုတောင် ခံခဲ့ရတယ်။ ဒါပေမယ့် အိမ့်ချစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ကြိုးစားခဲ့ တာပါ။
မေး     ။         အဖေ့ရဲ့ဂီတအမွေကို လက်ဆင့်ကမ်းတဲ့ သမီးတစ်ယောက်ရဲ့ ဂီတအနုပညာအပေါ် သဘောထားလည်း ပြောပြပါဦး။
ဖြေ      ။         အိမ့်ချစ်မွေးကတည်းက သီချင်းတွေကြားမှာ ကြီးပြင်းခဲ့ရတာပါ။ အိမ့်ချစ်ရဲ့အိပ်ရာဝင်မှာ သီချင်းတွေနဲ့ ဖြတ်သန်းသလို မနက်မိုးလင်းချိန်တိုင်းမှာလည်း သီချင်းတွေနဲ့ပဲ နိုးထခဲ့ရတာပါ။ ပျော်ရွှင်ချိန်ကို သီချင်းတွေနဲ့ ဖြတ်သန်းသလို ၀မ်းနည်းနေချိန်မှာလည်း  သီချင်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်ခဲ့တာပါ။ ဒါကြောင့် သီချင်း တွေကို မြတ်နိုးပါတယ်။ နောက်တစ်ခုက ဖေဖေကလည်း ဒီဂီတအလုပ်နဲ့ပဲ အိမ့်ချစ်တို့ကို ရှာဖွေ ကျွေးမွေးခဲ့တာပါ။ ဒီအတွက် အိမ့်ချစ် ဒီပညာရပ်ကို အရမ်းလေးစားပါတယ်။ ဒီလို လေးစားတဲ့ ပညာရပ်တစ်ခုကို ကိုယ်တိုင် လက်ဆင့်ကမ်းခံယူနိုင်တဲ့ အတွက်လည်း အတိုင်းမသိ ၀မ်းမြောက် မိပါတယ်။
မေး     ။         အိမ့်ချစ် အဆိုတော်တစ်ယောက် ဖြစ်လာခြင်းမှာ ဖေဖေ့ရဲ့ ကူညီပံ့ပိုးပေးမှုတွေကရော ဘယ်လောက် အရေးပါတယ်လို့ ထင်လဲ။
မေး     ။         အရေးပါပါတယ်။ အိမ့်ချစ် အဆိုတော်တစ်ယောက် ဖြစ်လာဖို့ ဗီဇ ၀ါသနာပါလာတာကိုက ဖေဖေ့ဆီက ရလိုက်တဲ့အမွေပါပဲ။ ငယ်စဉ်ကာလ တစ်လျှောက်လုံးမှာလည်း ဖေဖေရဲ့ ကူညီပံ့ပိုးပေးမှုတွေနဲ့ပဲ ဂီတအလုပ် ကို တတ်မြောက်ကျွမ်းကျင် ခဲ့တာပါ။ အိမ့်ချစ်ဆိုပြီး ပရိသတ်စသိခဲ့တာကိုက ချစ်ကောင်းသမီး အနေနဲ့စပြီး သိခဲ့တာပါ။ ဒါကြောင့် အိမ့်ချစ်အဆိုတော် ဖြစ်လာခြင်းမှာ ဖေဖေက မရှိမဖြစ် အရေးပါတယ်လို့ ဆိုရမှာပါ။
မေး     ။         အိမ့်ချစ်ရဲ့ဂီတဖြတ်သန်းမှုမှာ ‘နှုတ်မဆက်ချင်ဘူး’ သီချင်းကလည်း တစ်စိတ်တစ်ပိုင်း အရေးပါတယ်ဆိုတော့ အဲဒီသီချင်းနဲ့ပတ်သက်တဲ့ အမှတ်တရလေးလည်း ပြောပြပေးပါဦး။
ဖြေ      ။         အဲဒီသီချင်းလေးက ကိုရဲလေး လာပြကတည်းက အိမ့်ချစ်အရမ်း ဆိုချင်ခဲ့တဲ့ သီချင်းလေးပါ။ တကယ်တမ်းဆိုရမယ့် အချိန်ရောက်တော့ အိမ့်ချစ်ဖျားပြီး နှာစေးနေတဲ့အချိန် ဖြစ်နေတယ်။ မဆိုမဖြစ် အသံသွင်း ရမယ်ဆိုတော့ အဲဒီအသံလေးနဲ့ပဲ ဆို ဖြစ်သွားတာ။ သီချင်းက အလွမ်းသီချင်းလေးဆိုတော့ အဲဒီအသံကပဲပိုပြီး လိုက်ဖက်သွားတာက အမှတ်တရပေါ့လေ။ နောက်ထပ် အမှတ်ရတာတစ်ခု က ဗီစီဒီရိုက်တုန်းကပေါ့။ လေဆိပ်မှာ သွားရိုက်တဲ့အချိန် အားလုံးကလည်း ၀ိုင်းကြည့်နေတော့ ချွေးတွေပြန်ပြီး ဘယ်လိုနေရမှန်း မသိဘူးဖြစ်နေတာ။ အဲဒါလေးတွေက အမှတ်တရ ပါပဲ။ ဒီသီချင်းလေးက ပရိသတ် ကြားထဲကို အတိုင်းအတာတစ်ခုအထိ ရောက်သွားပြီး အိမ့်ချစ်ကိုလည်း ပရိသတ် အသိအမှတ်ပြု စေခဲ့တာကြောင့် ကျေနပ်တယ်လို့ ဆိုရမှာပါ။
မေး     ။         သီချင်းတွေဆိုနေရင်းက ‘ယုဇနပင်နဲ့ ဖဲကြိုးဝါ’ ဇာတ်ကားမှာ သရုပ်ဆောင် ဖြစ်သွားတာကရော။
ဖြေ      ။         အဲဒါက ဆာတိုရီကုမ္ပဏီက ရိုက်ဖို့ လာပြောတာ။ အဲဒီကားမှာ အိမ့်ချစ်ကလည်း အပြင်က ကာရိုက်တာနဲ့ သိပ်မကွာဘူးဆိုတော့ အတွေ့အကြုံသစ် တစ်ခုအနေနဲ့ လုပ်ကြည့်မယ်ဆိုပြီး လက်ခံဖြစ်သွားတာ။ တကယ်တမ်းရိုက်ကူးတဲ့ အချိန်မှာတော့ အခက်အခဲတွေ အများကြီးပါပဲ။ အဓိကတော့ နယ်ပယ်နှစ်ခုကွာခြားတဲ့ အချက်တွေ အများကြီးပဲ။ အဲဒါတွေက အိမ့်ချစ်အ တွက် တော်တော်ခက်ခဲ စေခဲ့ပါတယ်။ ဒါပေမယ့် အိမ့်ချစ်အနေနဲ့ကတော့ တတ်နိုင်သမျှ ကြိုးစားပြီး လုပ်ပေး ဖြစ်ခဲ့တယ်။
မေး     ။         ဂီတနယ်ပယ်ကသူတွေက ရုပ်ရှင် နယ်ပယ်ဘက်ကို ပြောင်းကြတာတွေ ရှိတော့ အိမ့်ချစ်အနေနဲ့ရော ပြောင်းဖြစ်မယ့် သဘောလား။
ဖြေ      ။         ဇာတ်ကားထပ်ရိုက်ဖို့တော့ အစီအစဉ်မရှိတော့ပါဘူး။ သီချင်းဆိုတယ်ဆိုတာက ကိုယ်ကျွမ်းကျင်ပြီးသား နယ်ပယ်တစ်ခုလေ။ သရုပ်ဆောင်ဆိုတဲ့ နယ်ပယ်ကတော့ အိမ့်ချစ်လည်း မကျွမ်းကျင်သလို ဆက်ဆံရတဲ့ ပတ်ဝန်းကျင်ဆိုတာလည်း အရမ်း ကျယ်ပြန့်တယ်။ ပြောရရင်တော့ တစ်ကားတည်းနဲ့ကို တော်တော်လေး ခက်ခဲသွားခဲ့တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် နောက်ကားတွေ ဆက်ရိုက်ဖြစ်မှာ မဟုတ်ပါဘူး။
မေး     ။         ပြည်ပရှိုးပွဲက ဘယ်သွားဖို့ ရှိတာလဲ။
ဖြေ      ။         လောလောဆယ်တော့ ဦးညီထွဋ်တို့နဲ့ မလေးရှားသွားဖို့ရှိတယ်။ အိမ့်ချစ် အပါအ၀င် အဆိုတော် ကိုးဦးတို့ သြဂုတ်လကုန်ပိုင်းမှာ သွားဖြစ်မှာပါ။ Emperor Band  က တီးခတ်ပေးပါမယ်။
                                                                                  Ref: Eleven Media Group
ဆက်လက်ဖတ်ရန်>>
ခြေအတုနဲ့ တိရိစ္ဆာန်များ
ထိုင်း-မြန်မာ နယ်စပ် က Motala ဆိုတဲ့ဆင်ဟာ ၁၉၉၉ ခုနှစ် လောက်က မြေမြုပ် မိုင်း ကို နင်းမိခဲ့ ၍ ခြေထောက် ကျိုးသွားခဲ့ပါတယ်။ ဆရာဝန်များ က အစွမ်းကုန်ကုသခဲ့သော်လည်း သူရဲ့ရှေ့ခြေထောက် တဖက် ဟာ တခြား ခြေထောက် များထက် တိုသွားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံ Asian Elephant's hospital မှ Motala အား သစ်သား အမူန်.တွေ နဲ. ဖြည်.ထားတဲ့ခြေအိတ် တခု ကို တပ်ဆင် ပေးခဲ့ခြင်းဖြင့် အခြားခြေထောက်များ နှင့်အညီ ဖြစ်သွားခဲ့ပါတယ်။ Motala ကလဲ ကျေကျေနပ်နပ် နဲ့ အသုံးပြုနေပါတယ်။
Tonka ဆိုတဲ့လိပ် ဟာ ခွေးကိုက်ခံ ရသဖြင့်သူ၏ ခြေတဖတ် ကျိုးသွားခဲ့ပါသည်။ ကျွန်းဆွယ်မှ စေတနာရှင် အလုပ်သမားများမှ အရုပ်ဘီးလုံး ကလေး ဖြင်. လုပ်ရှားစေခဲ့ပါတယ်။ အစပိုင်းမှာတော့ဖြည်းဖြည်း ရွေ့လျားခဲ့ရပြီး ၂ရက် ၃ ရက်လောက် အကြာမှာတော့တော်တော်လေး နေသားကျသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ၂၀၀၅ နှစ် ကတ်သရီနာ မုန်းတိုင်း ကြောင့်ပိုင်ရှင်မဲ့ ဖြစ်ခဲ့ရတဲ့Molly ဆိုတဲ့ မြင်းကလေးဖြစ်ပါတယ်။ မုန်းတိုင်း နောက်မှာတော့ သူ့အား ပိုင်ရှင်မဲ့ တိရာစ္ဆာန်များ ထားတဲ့လယ်ကွင်း မှာ ထိန်းသိမ်းထားခဲ့ ပါတယ်။ ထိုအချိန်အတွင်း ခွေးတကောင် ရဲ့ဆိုးဆိုးရွားရွား ကိုက်ဖြတ်ခြင်း ကို ခံခဲ့ ရခြင်းကြောင့်သေလုနီးပါ ဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ညာဘက် ခြေထောက် ဟာ ဆိုးဆိုးရွားရွား ပျက်စီးခဲသဖြင့်ဖြတ်တောက် ပစ်လိုက်ရပြီး ခြေတု နဲ့ ဆက်လက် လုပ်ရှားနေပါတော့တယ်။ 
                                                                                                  Ref: Tun Tun
ဆက်လက်ဖတ်ရန်>>
မေး ။ အောက်တိုဘာ ၁ ရက်နေ့ ထွက်မယ့် ဒုတိယစီးရီးကိုဘာလို့ ‘မျက်လှည့်’လို့ နာမည်ပေး ဖြစ်တာလဲ။ အဲဒီအကြောင်းကနေ စပြီး ပြောပြပေးပါလား။
ဖြေ ။ ဒုတိယစီးရီးအတွက် ပထမပေးထားတဲ့ နာမည်က ‘စနိုးဝှိုက်’ပါ။ ဒီ သီချင်းလေးက ဦးရွှေဂျော်ဂျော် ရေးပေးတာ။ နောက်ဆုံးမှ ရလာတဲ့သီချင်းလေးပေါ့။ ၀ိုင်းစုက စီးရီးခေါင်းစဉ်ကို နာမည်ဆန်းဆန်းလေး ပေးရတာကြိုက်တယ်။ အဲဒီ ’မျက်လှည့်’ဆိုတဲ့ ခေါင်းစဉ်လေးကလည်း ဆန်းတာနဲ့ ပေးဖြစ်သွား တာ။ သီချင်း အကြောင်းအရာလေးကတော့ သူချစ်မိတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲကို ဘယ်လို မျက်လှည့်ဆန်ဆန် ၀င်လာမယ်ဆိုတဲ့ အကြောင်းအရာလေးပါ။
မေး ။ တေးရေးတွေကရော ဘယ်သူတွေပါလဲ။ သီချင်း အမျိုးအစားတွေကရော ဘယ်လိုပုံစံတွေ များမလဲ။
ဖြေ ။ တေးရေးတွေက ဦးသုခမိန်လှိုင်၊ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ စိုင်းစိုင်း၊ မိုးမိုး၊ ဖိုးကာ၊ အောင်လ၊ ညီမင်းခိုင်၊ စံပီးတို့ ရေးထားတဲ့သီချင်း ၁၂ ပုဒ်ပါပါ တယ်။ သီချင်းအမျိုးအစားလေး တွေကတော့ အစုံပါပဲ။ ၀ိုင်းစုက အခွေမှာ ပုံစံတစ်မျိုးတည်းထည့် ရတာထက်စာရင် ပုံစံစုံအောင် ထည့်ချင်တာလေ။ ဒါကြောင့် ပထမခွေမှာလိုပဲ မတူကွဲပြား တဲ့ သီချင်းပုံစံလေးတွေ ထည့်ထားတယ်။
မေး ။ ပထမခွေမှာတုန်းက ၀ိုင်းစုရဲ့ ခံစားချက်တွေပြောပြီး သီချင်းရေးခိုင်းတာမျိုးတွေပါ တယ်ဆိုတော့ ဒီအခွေမှာရော အဲဒီလိုရေးဖြစ်တာ ရှိသေးလား။
ဖြေ ။ ပထမခွေမှာ တုန်းကတော့ ၀ိုင်းစု ခံစားချက်လေးတွေ လိုချင်တာတွေပြော ပြီး ရေးခိုင်းတာမျိုး တွေပါတယ်။ ဒုတိယ ခွေမှာကတော့ အဲဒီလို ရေးခိုင်းတာမျိုးထက် ၀ိုင်းစုကို လာပြတဲ့ သီချင်းတွေထဲကပဲ ရွေးဖြစ်တာများတယ်။ ကိုဇ၀ါ ကိုအပ်တဲ့တစ်ပုဒ်ပဲ ချစ်သူရှိတဲ့အချိန်ဆိုတဲ့ သီချင်းကတော့ ၀ိုင်းစုလိုချင်တာလေး နည်းနည်းပြောပြပြီး ရေးခိုင်းထားတာ။ ကျန်တာတွေက တော့ လာပြတဲ့အထဲကပဲ ရွေးဖြစ်တာပါ။
မေး ။ ‘မျက်လှည့်’ က အောက်တိုဘာ ၁ ရက်နေ့ ဖြန့်မှာဆိုတော့ ပရိသတ်ကို အသိပေးချင်တာများရှိလား။
ဖြေ ။ ၀ိုင်းစုရဲ့ ဒုတိယခွေလေးကို သေချာလေး ပြင်ဆင်ထားပါတယ်။ သီချင်းအပုဒ် ၂၀ ကျော်လောက် ရှိတဲ့ အထဲကမှ စိတ်တိုင်းကျ တဲ့ ၁၂ ပုဒ်ကို ရွေးထုတ်ထားခဲ့တာ။ ပထမခွေကို ကြိုက်တဲ့ ပရိသတ်တွေ အတွက်လည်း ပထမခွေရဲ့ပုံစံနဲ့ အရမ်းကြီး မကွာသွားချင်တာကြောင့် အဲဒီပုံစံထဲမှာဝင်တဲ့ သီချင်းလေးတွေလည်း ထည့်ထားတယ်။ ဒါကြောင့် ၀ိုင်းစုရဲ့ပရိသတ်ကို အခု ဒုတိယ ခွေကိုလည်း အားပေးကြပါဦးလို့ ပြောချင်ပါ တယ်။
မေး ။ အဆိုတော် တစ်ယောက်အဖြစ်လည်း ရပ်တည် နေနိုင်ပြီဆိုတော့ နောက်ပိုင်း အဆိုဘက်နဲ့ သရုပ်ဆောင်ဘက် ဘာကို ပိုပြီးဦးစားပေးဖြစ်မလဲ။
ဖြေ ။  ၀ိုင်းစုက လောဘနည်းနည်း ကြီးတယ်။ အဆိုပိုင်းရော၊ သရုပ် ဆောင်ပိုင်းရော နှစ်မျိုးလုံး လုပ်ချင်ပါ တယ်။ ပထမခွေ ဗီစီဒီရိုက်နေတဲ့အချိန်မှာ သရုပ်ဆောင်ဘက်မှာ တော်တော်လေး အားလျော့သွားသေးတယ်။ ဒါကြောင့် ဗီစီဒီထွက်ပြီးတဲ့အချိန်က စပြီး သရုပ်ဆောင်ပိုင်းကို ပြန်ပြီး အားစိုက်ဖြစ်ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ ၀ိုင်းစုက သီချင်းတွေလည်း ဆိုချင်သလို သရုပ်ဆောင်လည်း ဖြစ်ချင်ပါတယ်။ ၀ိုင်းစုဘက်ကလည်း အစွမ်းကုန် ကြိုးစားမှာပါ။
မေး ။ ဂီတပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုရော ဘယ်လိုခွဲခြားထားလဲ။
ဖြေ ။ အချိန်ခွဲခြားရတဲ့ အပိုင်းကတော့ တော်တော်လေး ခက်ပါတယ်။ သီချင်းဆိုတဲ့ အပိုင်းဆိုလည်း ရှိုးပွဲတွေ အသံသွင်းတာတွေ ရှိသလို သရုပ်ဆောင်တစ်ယောက်ရဲ့ အပိုင်းမှာဆိုလည်း ကြော်ငြာရိုက်၊ ဇာတ်ကားရိုက် တွေ ရှိနေတော့ နှစ်ဖက်စလုံးကို အချိန်မျှပြီးပေးနိုင်အောင် ကြိုးစားရပါ တယ်။ တစ်ခုလိုချင်ရင် တစ်ခုစွန့် လွှတ်ရမယ်ဆိုတဲ့ စကားအတိုင်းပဲ ၀ိုင်းစုလုပ်ချင်တာတွေ များနေတဲ့အတွက် ၀ိုင်းစုရဲ့ ကိုယ်ပိုင်အချိန်တွေကို စွန့်ရတာမျိုးတွေလည်း ရှိပါတယ်။ မနက်ဆိုရင် ရှုတင်သွား၊ ညပြန် ရောက်တော့ အသံသွားသွင်း၊ အား တဲ့အချိန် ရှိုးဆိုနဲ့ဆိုတော့ ကိုယ်ပိုင်အချိန်ဆိုတာ အရမ်းရှားပါးသွား တာမျိုးပေါ့။
မေး ။ ကိုယ့်ကို ပြိုင်ဆိုင်တာတွေ၊ တိုက်ခိုက်တာတွေ ကြုံတဲ့အချိန်မှာရော ဘယ်လိုဖြေရှင်းလဲ။
ဖြေ ။ အပြိုင်အဆိုင်ရှိတော့ တိုးတက်တာပေါ့။ ၀ိုင်းစုက အဲဒီလိုရှိတာ ကြိုက်ပါတယ်။ တစ်ခါတလေကျရင် ကိုယ့်အတွက် ခွန်အားတောင်ဖြစ်သေးတယ်။ ၀ိုင်းစု အများကြီးကြုံရဖူးတယ်။ ခေါင်းထဲမှာအကြာကြီး သိမ်းမထားဘဲ ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ အဓိကလို့ပဲ ခံယူထားတယ်။
မေး ။ ၀ိုင်းစုရဲ့ အချစ်ရေးကရော။
ဖြေ ။ အချစ်ရေးကတော့ စိတ်ချမ်းသာစရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပါတယ်။ တစ်သက်လုံး စိတ်ချမ်းသာရမယ့် အချစ်ရေးလို့လည်း ထင်ပါတယ်။ ၀ိုင်းစုအနေနဲ့လည်း တကယ်စိတ်ချမ်းသာရမယ့် အခြေအနေမျိုးကိုပဲ ဖန်တီးသွားမှာပါ။
မေး ။ ဒီနှစ်ဝါကျွတ်မှာ မင်္ဂလာဝတ်စုံ နဲ့ မြင်ခွင့်ရတော့မှာလား။
ဖြေ ။ ဒီနှစ်တော့ မဖြစ်နိုင်သေးပါဘူး။ ၀ိုင်းစုကိုချစ်တဲ့ ပရိသတ်ကရော ၀ိုင်းစုကို မင်္ဂလာဝတ်စုံနဲ့ မြင်ချင်ကြပြီလားလို့ မေးချင်ပါတယ်။ အစီအစဉ်တော့ရှိပါတယ်။ ဒါပေမယ့် လိုသေးတယ်။
                                                                                     Ref: Eleven Media Group
ဆက်လက်ဖတ်ရန်>>
Gom Player 2.1.33.5071 Final
အခုကျွန်တော် GOM Player နောက်ဆုံး Update လေးထွက်လာလို့တင်ပေးလိုက်ပါတယ်။ GOM Player
နှစ်သက်သူများအတွက်ကတော့ အဆင်ပြေပါတယ်။ ဖိုင်ဆိုဒ်ကလည်း 9.0 MB ပဲရှိပါတယ်။
Gom Player 2.1.33.5071 Final
GOM Player Download
ဆက်လက်ဖတ်ရန်>>
ဝလို့လှလို့တဲ့နော်
ပေါင်ချိန်စက်တောင် နိုင်ပါ့မလား
ဆိုဖာခုံမို့လို့၊ သစ်သားခုံဆို ကျိုးကျလောက်ပါရဲ့
လူတွေမှာ ရည်မှန်းချက်အမျိုးမျိုးရှိကြပေမယ့် သူ့ရဲ့ရည်မှန်းချက်ကတော့ အံ့သြထူးဆန်းစရာပါ။ အသက်(၃၂)နှစ်အရွယ် ဆူဆန်နီဟာ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်သူဖြစ်ပြီး ပေါင် ၁၆၀၀ ရှိတဲ့ကမ္ဘာ့အ၀ဆုံး အမျိုးသမီးဖြစ်လာဖို့ တစ်နေ့ကိုကယ်လိုရီ အနည်ဆုံး ၂၀၀၀၀ စားသောက်ပါတယ်။ အရင်က ကမ္ဘာ့အ၀ဆုံးစံချိန်က ပေါင်၁၆၀၀ ရှိပြီး သူမကတော့ ပေါင်၂၀၀၀ လောက်ထိဝချင်ပါတယ်တဲ့။ ဒီလိုဝလွန်းနေတာကြောင့် အလုပ်မလုပ်နိုင်ဘဲ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းများသာ လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ကဲ.....၀ချင်ကြလား တစ်နေ့ကို ကယ်လိုရီ ၂၀၀၀၀ သာစားနော့...။ သူ့လိုပဲ ၀တဲ့အမျိုးသမီးတွေလည်း ရှိပါသေးတယ်။ အောက်ကပုံလေးတွေကိုကြည့်လိုက်ကြပါဦး။ အသက်မရှူကြနဲ့နော်။
ဆက်လက်ဖတ်ရန်>>
ချစ်စရာဟန် အမူအရာတွေနဲ့ ပရိသတ် ရင်ထဲမှာ   နေရာတစ်ခု ရလာပြီဖြစ်တဲ့   ဖွေးဖွေးနဲ့ တွေ့ဆုံခိုက်   ဖွေးဖွေးက "သရုပ်ဆောင်လောကကို စိတ်ကူးတွေ မကုန်သရွေ့ လုပ်သွားမှာပါ။ သရုပ်ဆောင် တစ်ယောက် အနေနဲ့ လေ့လာထား ရတာတွေ ရှိတာပေါ့နော်။ ဖွေးဖွေးဆို   နိုင်ငံခြား ကား တစ်ကား မကျန် ကြည့်တယ်။   မြန်မာကားလည်း   ပေါက်ပြီဆို အကုန်ကြည့် တာပါပဲ။ ဦးမျိုးနဲ့ ကိုဝိုင်းဆို ဖွေးရဲ့ဆရာတွေပါ။ သူတို့က အမြဲတမ်း သင်ပေးပါတယ်။ ကိုယ့်ရှေ့က စီနီယာတွေရဲ့ အမူအရာတွေ သရုပ်ဆောင် တာတွေကိုလည်း ကြည့်ပါ တယ်။ ဖွေးက ငယ်ငယ် ကတည်းက အဆိုတော် ဖြစ်ချင်ခဲ့တာ။ အခွေ အတွက် ကိုယ်တိုင် သီချင်းရေး ကိုယ်တိုင် စီစဉ်နေပါတယ်။ ခွေလေးကို Own Tune တွေပဲ သီးသန့် လုပ်ထားပြီး ပရိသတ် အတွက် ထူးထူး ဆန်းဆန်းလေး ဖြစ်အောင် လုပ်မှာပါ။ ဘယ်တော့လောက် ပရိသတ်ထဲ ချပြမယ်လို့တော့ အသေအချာကြီး မပြောရဲသေးဘူး။ တော်ကြာဖြစ် မလာခဲ့ရင် ပရိသတ်က ကတိမတည်ဘူးဆိုပြီး အပြောခံရမှာကြောက်တယ်လို့ ဖွေးဖွေးကပြောပြခဲ့ပါတယ်။
ဖွေးဖွေးရဲ့ ဖက်ရှင်တွေက အမြင်ဆန်းပြီး ဒီဇိုင်း လန်းတာကြောင့် မေးမြန်းကြည့်ရာ မှာတော့ ဖွေးဖွေးရယ် အမေရယ် ဒီဇိုင်နာရယ် ၃ ဦးပေါင်းပြီး စဉ်းစားတယ်။ နောက်ပြီး ဖက်ရှင် TV တွေ၊ နိုင်ငံခြား မဂ္ဂဇင်းတွေ MTV တွေကြည့်ပြီးတော့ အမြဲတမ်းလေ့လာနေပါတယ်။ ဖွေးဖွေးက ကိုယ်ဟာကိုယ် စိတ်ချမ်းသာအောင်လည်း နေပါတယ်။ သူများကို မုဒိတာ ထားတယ်။ ဒါမှ ကိုယ့်စိတ် ကြည်လင်မှာပါ။ ပြီးတော့ မေတ္တာဆိုတာ ရောင်ပြန်ဟပ် တတ်ပါတယ်။ ကောလာဟလတွေနဲ့ ပတ်သက်လို့လည်း ဖွေးဖွေး တစ်ယောက်တည်းပါပဲ။ ဖွေးက လူတွေကို မဝေဖန်တတ်ဘူး။ ကိုယ့်ဟာကိုပဲ ဝေဖန်တယ်။ ဖွေးဖွေးက ပရိသတ်ကြီးကို အမြဲတမ်းကြိုးစား နေပါတယ်။ ဖွေးဖွေးရဲ့ကြိုးစားမှုတွေ ပရိသတ် မျက်စိရှေ့ရောက်မှ အရာထင်မှာပါ။ ကြိုးစားသမျှ တွေကို ပရိသတ်ကြီးက အားပေးပါဦးလို့ တွေ့ဆုံခိုက်လေးမှာပြောပြ သွားခဲ့ပါကြောင်း။
                                                                                                               ဝဿန်
ဆက်လက်ဖတ်ရန်>>
အခုနောက်ပိုင်း အနုပညာ လောကထဲကို ဝင်ရောက် နေရာ ယူလာတဲ့ မင်းသမီးတွေထဲက ဗီဒီယို လောကမှာ သာမက ရုပ်ရှင်လောကမှာပါ နေရာတစ်ခု အခိုင်အမာရရှိထားသူက သရုပ်ဆောင်မိုးယုစံပါ။ မိုးယုစံနဲ့တွေ့ဆုံတုန်းမှာ ဒီလို မေးဖြစ်ခဲ့ပါတယ်။
မိုးယု အခုရိုက်နေတဲ့ ဇာတ်ကားလေးကို ပြောပြပါဦး။
“ယောက္ခမဆိုတာ ဂျိုနဲ့လား”အမည် ပေးထားပါတယ်။ အဲဒီဇာတ်ကား ဒါရိုက်တာ ဦးကုသိုလ်၊ ဟိန်း ဝေယံ၊ စိုးမြတ်သူဇာ၊ မြတ်ကေသီ အောင်တို့ ပါဝင်ထားပါတယ်။
ဒီဇာတ်လမ်းမှာ ဘယ်လို ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ထားလဲ။
ဟိန်းဝေယံနဲ့ မိုးယုက ချစ်သူတွေပေါ့နော်။ ဟိန်းဝေယံရဲ့အမေက မင်းသမီး၊ ရုပ်ရှင်မင်းသမီး၊ မာနကခပ်ကြီးကြီး၊ ကိုယ့်သားရဲ့မိန်းမ ချွေးမကို ပညာတွေပြတယ်။ ချွေးမနဲ့ ယောက္ခမ ဇာတ်လမ်း မျိုးပါပဲ။
မိုးယု သီချင်းဆိုတာ ဝါသနာပါလား။
တစ်ခါတလေ ပွဲတွေမှာ အငြိမ့်ပွဲနဲ့ သွားဖြစ်ရင်တော့ သီချင်းဆို ဖြစ်ပါတယ်။ သီချင်းဆိုတာရယ်လို့ လိုက် မဆိုဖြစ်ပါဘူး။
နောက်ထပ် “နှင်းဆီ ရင်ခွင်” အငြိမ့်ကဖို့ ရှိလား။
ဖျော်ဖြေရေး အငြိမ့်ကတော့ ရှိပါတယ်။ မန္တလေးမှာ တစ်ပွဲ၊ အင်္ဂလန်မှာတစ်ပွဲ၊ အငြိမ့်ကဖို့ ပြောထားတာ ရှိပါတယ်။
မိုးယုရဲ့ မွေးနေ့မှာ ငှက်လွှတ်တဲ့ ရည်ရွယ်ချက်လေးကို ပြောပြပါဦး။
ငှက်ကလေးတွေ လွှတ်တယ်ဆိုတာ အားလုံးကို လွတ်လပ်စေချင်တယ်။ ကောင်းသော လွတ်လပ်ခြင်းပေါ့နော်။ အဲဒီအတွက် ကိုယ့်မွေး နေ့မှာ အပိတ်အနှောင် ခံထားရတဲ့ ငှက်က လေးတွေ လွှတ်ချင်တယ်။ ငှက်တွေ၊ သတ္တဝါတွေဆိုတာက လူတွေက လုပ်ပေးမှရတာလေ။ ထားပါ တော့ အိမ်မှာ ခွေးကလေး မွေးမယ်ဆိုရင် ခွေးလေးကို ကျွေးမွေးပြုစု တာကအစ လူတွေ လုပ်ပေးမှရတာလေ။ တိရစ္ဆာန်တွေကိုစာနာတယ်။ သနားတယ်။ တိရစ္ဆာန်တွေကိုလည်း ချစ်တယ်။ ငှက်ကလေးတွေကို ဆိုရင်လည်း လှောင်အိမ်ထဲမှာ ကိုယ်က လွှတ်ပေး ချင်တယ်။ ကိုယ့်ရဲ့ မွေးနေ့မှာ ဒါဟာ တကယ် မေတ္တာပို့ပေးလို့ထင်တယ်။ မေတ္တာပို့တယ် ဆိုတာက အများကြီးရှိတယ်။ ဒါကတော့ တကယ်လက်တွေ့ကျကျ မေတ္တာပို့တာ လေ။ အခြား ဋ္ဌာနတွေမှာလည်း လှူဖြစ်တယ်။ ဋ္ဌာနဆိုင် ရာ(၇)ဋ္ဌာနလှူဖြစ်တယ်။ တခြားအဖွဲ့လိုက်တွေနဲ့လည်းလှူဖြစ်ပါတယ်။
ရည်ရွယ်ထားတဲ့ ချစ်သူများ ရှိနေပြီလား။
အဲဒီအပိုင်းနဲ့ ပတ်သက်ပြီးတော့ မရှိသေးပါဘူး။ အချစ်ရေးထက် အနုပညာကိုပဲ ဦးစား ပေးချင်သေးပါတယ်။ ချစ်သူရှိရင် ပရိသတ်ကို အသိ ပေးမှာပါ။
ရုပ်ရှင်ကားကြီးအနေနဲ့ ရိုက်ဖို့ ရှိလား။
ရှိပါတယ်။ လက်ခံထားတာလေးတွေ ရှိပါတယ်။ 
ပြည်ပထွက်ဖို့ အစီအစဉ်ရော ရှိလား။ 
၁၀လပိုင်းမှာ ဖူးခက်သွားဖို့ရှိပါတယ်။ 
စိတ်မွန်းကြပ်တဲ့အခါဘယ်လိုနေရာမျိုးကိုသွားဖြစ်လဲ။ 
 အေးချမ်းတဲ့ နေရာတစ်နေရာကိုပဲ သွားချင်တယ်။
ပရိသတ်အတွက် စကား လက်ဆောင် ကရော။
မိုးယုရဲ့အနုပညာကို အားပေးပါ။ မိုးယုအတွက်ဖြစ်စေတာပရိသတ် အားဆေးပါ။ ပရိသတ် အားပေးမှ မိုးယုစံ ဆိုတာဖြစ်လာမှာပါ။ မိုးယုရဲ့ ဇာတ်ကားလေးတွေ အားပေးပါ။ ပရိသတ် ကြီး ကျန်းမာ၊ ချမ်းသာပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
                                                                                  Friday, 09 September 2011
ဆက်လက်ဖတ်ရန်>>