Womens Murder Club 2



လူသတ်မှုကို လိုက်လံစုံစမ်းဖော်ထုတ်ရတဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားက Hidden Objects လို့ ပြောလို့ရသလို Strategy အမျိုးအစားလို့လည်း သတ်မှတ်လို့ရပါတယ်။ အရွယ်မရွေးဆော့ကစားလို့ရပါတယ်။ အောက်မှာဒေါင်းလုပ်ယူလိုက်ပါ။ ဒေါင်းလုပ်ယူဖို့ နှစ်နေရာပေးထားပါတယ်။ တစ်ခုနဲ့အဆင် မပြေရင် တစ်ခုပေါ့။ အဆင်ပြေပျော်ရွှင် နိုင်ကြပါစေခင်ဗျာ။
             
                     (OR)  


ဆက်လက်ဖတ်ရန်>>

Windows Password Unlocker


Windows Password ကို ဘယ်လို unlock လုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။
၁။    အရင်ဆုံး Windows Password Unlocker ကို  ဒေါင်းလုပ်ယူလိုက်ပါ။

၂။    အဲဒီ ဒေါင်းလုပ်ယူထားတဲ့ ဖိုင်ကို double click လုပ်ပြီး run လိုက်ရင် iso (image) ဖိုင်လေး    ရလာပါလိမ့်မယ်။

၃။    အဲဒီ iso (image) ဖိုင်လေးကို Burning software တစ်ခုခုကိုသုံးပြီး CD နဲ့ burn လိုက်ပါ။
၎။    ပြီးရင် Burn ထားတဲ့ CD ကို Windows Password ဖြုတ်ချင်တဲ့ကွန်ပျူတာမှာထည့်ပြီး reboot လုပ်လိုက်ပါ (Windows Installation အတိုင်း)။ 

၅။    အပေါ်ကပုံအတိုင်းပေါ်လာတဲ့အခါ မိမိ reset လုပ်ချင်တဲ့ account အမျိုးအစားကိုရွေးပြီး reset လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

ဆက်လက်ဖတ်ရန်>>

Adobe PageMaker 7.0 (Serial Key)



Adobe PageMaker 7.0 Full Version လေးတင်ပေးလိုက်ပါတယ်။ သူကစာစီ ၊စာရိုက်နေရာမှာတော့ အရမ်းသုံးလို့ကောင်းတယ်။ နှစ်ပိုင်းခွဲပြီးတင်ထားပေးပါတယ်။ Serial Key လေးက 1039-1121-2998-7586-7388-7545 ပါ။ အဆင်ပြေပါစေခင်ဗျာ။

Serial No.  1039-1121-2998-7586-7388-7545



ဆက်လက်ဖတ်ရန်>>

Adobe Photoshop 7.0



 Adobe Photoshop 7.0 ကို အသုံးပြုချင်သူများ အောက်မှာ ဒေါင်းလုပ်ယူလိုက်ကြပါ။ part 1 နဲ့ part 2 ဆိုပြီး နှစ်ပိုင်းခွဲတင်ထားပါတယ်။ ဖိုင်ဖြေရင် part 1 ကနေစပြီးဖြေပါ။ အသုံးပြုနည်းကတော့ အထဲမှာထည့်ပေးထားပါတယ်။ Serial ကတော့ ဖြည်လိုက်တဲ့ Folder ထဲမှာ Notepad နဲ့ရေးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

Adobe Photoshop 7.0 Part One Download      


Adobe Photoshop 7,0 Part Two Download      

ဆက်လက်ဖတ်ရန်>>

ချမ်းချမ်းရဲ့ ပထမအခွေထဲက ပရိသတ်ကြိုက် သီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်’ သီချင်းကို ဗီဒီယိုအဖြစ် ရိုက်ကူးဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ ဒီဇာတ်ကားမှာတော့ မဟော်ဂနီရဲ့ စင်တင် မင်းသား သူရိယ နဲ့ သီချင်းရဲ့ အဆိုရှင် ချမ်းချမ်းတို့က ပါဝင် သရုပ်ဆောင် ကြမယ်လို့လည်း သိရပါတယ်။ ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်မယ့် ချမ်းချမ်းကို ဇာတ်လမ်းအတွက် ဘယ်လို ကြိုတင် ပြင်ဆင်မှု တွေလုပ်နေပြီလဲလို့ မေးကြည့်တော့…
”အဲဒါက ပြောထားတုန်း ရှိပါသေးတယ်၊ မသေချာသေးပါဘူး။ စဉ်းတော့ စဉ်းစားနေပါတယ်။ အဆင်ပြေတယ် ဆိုရင်တော့ ညှိနှိုင်းပြီး လုပ်ကြမှာပါ” လို့ ပြောပါတယ်။ ချမ်းချမ်း အနေနဲ့ ဗီဒီယိုတွေ မရိုက်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ အရင်က ရိုက်ဖြစ်ခဲ့တယ် ဆိုတာကလည်း ပတ်သက်ရာ ပတ်သက်ကြောင်းတွေ နဲ့ ခင်မင် ရင်းနှီးမှုတွေ ကြောင့် ရိုက်ဖြစ်ခဲ့တာတွေပဲ များကြောင်း ချမ်းချမ်းက ပြောပါတယ်။ နောက်ပိုင်းမှာလည်း ဗီဒီယိုတွေ အများကြီး ရိုက်ဖြစ်မှာ မဟုတ်ဘဲ၊ ကိုယ့်အတွက် တကယ်ကို အကျိုးရှိမယ့် ဇာတ်ရုပ်ဖြစ်မယ် ဆိုရင်တော့ ရိုက်ဖို့ စဉ်းစားဖြစ်မှာ ဖြစ်ကြောင်း၊ အခု လောလောဆယ်တော့ မရှိသေးပါဘူးလို့ ချမ်းချမ်းက ဆိုလာပါတယ်။ ချမ်းချမ်းရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေဖြစ်တဲ့ ‘သိပ်ချစ်တယ် အရမ်းမုန်းတယ်’ အခွေကို နိုဝင်ဘာလထဲမှာ ထွက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒီအခွေအပေါ် ပရိသတ်ရဲ့ အားပေးမှုကိုလည်း ချမ်းချမ်းက ရင်ခုန်နေကြောင်း၊ ဒုတိယ အခွေကိုလည်း ပထမအခွေလိုပဲ အကောင်းဆုံး ကြိုးစားထားကြောင်း ချမ်းချမ်းကပြောပါတယ်။
လင်းအက္ခရာ
ဆက်လက်ဖတ်ရန်>>

အခုဆိုရင် စည်သူလွင်ရဲ့ ဇနီး နွယ်မာကျော်က ရင်သွေးလေးကို လွယ်ထားရတာ ၆ လကျော်  ၇ လထဲကို  ရောက်လာပြီ ဖြစ်ပါတယ်။ ရင်သွေးလေးက သားဦးလေး ဖြစ်တဲ့အတွက် မိခင်လောင်း တစ်ယောက် အနေနဲ့ သားကို ကိုယ့်ရဲ့ ခင်ပွန်းဖြစ်သူလို အနုပညာရှင် တစ်ယောက် ဖြစ်စေချင်လား ဆိုတော့ ”ဒါကတော့ မပြောတတ်သေး ဘူး။ ကလေး အပေါ်မှာပဲ မူတည်ပါတယ်”လို့ ဆိုလာပါတယ်၊၊ ယောက်ျားလေးပဲ ဖြစ်မလား၊ မိန်းကလေးပဲ ဖြစ်မလား ဆိုတာကို စိတ်ကနှစ်ခွ ဖြစ်နေပေမယ့်၊ ယောက်ျား လေး ဆိုတာကို သိရတော့ တအားကို ပျော်ရွှင်မိကြောင်း နွယ်မာကျော်က ပြောပါတယ်။
”မိခင်လောင်း တစ်ယောက်ရဲ့ ခံစားချက်ကတော့ ပျော်တာပေါ့။ အခု ကိုယ်ဝန်က ၇ လထဲကို ဝင်လာပြီဆိုတော့၊ တချို့က ၇လနဲ့လည်း မွေးတတ်တယ်လို့ ပြောကြတော့ အသွားအလာကို ဆင်ခြင်တယ်။ မိဘတစ်ယောက် အနေနဲ့ ကိုယ့်သားသမီးနဲ့ ပတ်သက်တဲ့ အစီအစဉ် တွေကတော့ အများကြီးပါပဲ။ ဒီအချိန်မှာ ကိုယ့်ကို မွေးခဲ့တဲ့ အမေကို သတိရပြီး ကိုယ်ချင်းစာတတ်လာတယ်” လို့ပြောပါတယ်။ စည်သူလွင် နဲ့ နွယ်မာကျော်တို့ရဲ့ မိသားစု ရည်ရွယ်ချက်ကတော့ ရင်သွေး နှစ်ယောက် လောက်ယူဖို့ စီစဉ်ထားကြကြောင်း၊ သားဦးလေးကိုတော့ ဇန်နဝါရီ ပထမအပတ်လောက်မှာ ပန်းလှိုင်ဆေးရုံမှာပဲ ခွဲပြီးမွေးဖို့ များကြောင်း သိရပါတယ်။ စည်သူလွင်က အောက်တိုဘာ ၁၆ ရက်နေ့ မန္တလေး ဒိုင်းမွန်းပလာဇာမှာ ကျင်းပခဲ့တဲ့ ဂျက်မြသောင်းရဲ့ဖျော်ဖြေပွဲမှာ ဂျက်မြသောင်းရဲ့ သီချင်းနှစ်ပုဒ်ကို သီဆိုဖျော်ဖြေ ခဲ့သေးကြောင်း နွယ်မာကျော်က သတင်းပေး ခဲ့ပါသေးတယ်။
လင်းအက္ခရာ
ဆက်လက်ဖတ်ရန်>>

ဆုပန်ထွာက ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ ဒီဗီဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ အတွက် အောက်တိုဘာ ၁ဝ ရက်က ဘန်ကောက်ကို သွားပါတယ်။ ဒီဇာတ်ကားမှာ ဆုပန်ထွာက ကုမ္ပဏီတစ်ခုကနေ ဘန်ကောက် ကိုသွားဖို့ ကံစမ်းမဲ ဖောက်တဲ့ သူတွေကို ဦးဆောင်ခေါ်သွားသူအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဘန်ကောက် မှာ ဝတ်ဖို့ အဝတ်အစားအတွက် ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး ချုပ်ထားတယ်လို့ ပြောတဲ့ ဆုပန်ထွာက ”အဝတ်အစား ကို ဒီဇိုင်နာ မပုံ့နဲ့ အပ်ထားတယ်။ အားလုံးထဲ မှာ ဖန်စီဝတ်လို့ သိပ်အဆင်မပြေဘူး။ အားလုံးရဲ့ ခေါင်းဆောင် လုပ်ရမယ်၊ အဖွဲ့ကို ထိန်းပြီးသွားရမယ့် တာဝန်ခံအနေ နဲ့လိုက်ရမှာ ဆိုတော့ အင်္ကျီလှလှလေးတွေ ဝတ်ဖို့ စဉ်းစားထားပါ တယ်”လို့ ပြောပါတယ်။
ဆုပန်ထွာရဲ့ မွေးနေ့က အောက်တိုဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ ဘန်ကောက်က ပြန်ရောက်တာနဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်မယ့် ဇာတ်ကား အတွက် ချောင်းသာကို တန်းသွားရမှာ ဖြစ်တဲ့အတွက် မွေးနေ့ကိုတော့ ရိုက်ကွင်းပေါ်မှာပဲ ဖြတ်သန်းဖြစ်မှာပါ။ မွေးနေ့ အလှူအဖြစ် နာရေးကူညီမှု အသင်းကိုလှူဖို့ စီစဉ်ထားပြီး ချောင်းသာက ပြန်လာမှပဲ လှူဖြစ်မှာပါ။ နာရေးကူညီမှု အသင်း(ရန်ကုန်) မှာ လှူဖြစ်ရတဲ့ အကြောင်းပြောတဲ့ ဆုပန်ထွာက ”သေသွားတဲ့ လူတွေအပေါ်မှာ မပန် တာဝန် မကျေတာတွေ သိပ်များနေပြီ။ လူတွေကို ဒီအတိုင်းဆို မပန်မကြောက်ဘူး။ သေပြီဆို မပန် တအားကြောက်တာ။ မပန်အဖေ သေတုန်းကတောင် မပန် အနားမကပ်ဘူး။ ကိုယ့်ဘက်က တာဝန်မကျေဘူး ထင်ခဲ့လို့ ခုလို လှူ ဖြစ်မှာပါ။ စိတ်ထဲမှာ ဖြစ်နေတာကတော့ နာရေးကူညီမှု အသင်းကို  လှူချင်နေတယ်”လို့ ပြောပြပါတယ်။
ဆုပန်ထွာက နိုဝင်ဘာမှာ မလေးရှားကို သီချင်းဆိုဖို့ သွားမှာဖြစ်ပြီး သူမရဲ့ တစ်ကိုယ်တော် အခွေထဲက သီချင်းတွေပဲ သီဆိုမှာပါ။ နိုဝင်ဘာလ ကုန်ရင်တော့ သူမရဲ့ ‘မတည့်အတူနေ’ ဗီစီဒီ ထွက်မှာဖြစ်ပြီး ဆွစ်ဇာလန်မှာ ကိုယ်တိုင် ရိုက်ခဲ့တဲ့ သီချင်းကို ဒါရိုက်တာ ဆုပန်ထွာ လို့ တပ်မှာ ဖြစ်တဲ့အတွက် လန့်နေမိတယ်လို့ ပြောပါတယ်။ ”ဆွစ်ဇာလန်မှာ ရိုက်လာတဲ့ သီချင်းအတွက်တော့ မပန်ကိုယ်တိုင် တည်းဖြတ်မှ ရမှာလေ။ ဒါရိုက်တာ နာမည်တပ်မှာဆိုတော့ အဲဒါကိုလည်း ကြောက်တယ်။ တကယ့် ဒါရိုက်တာ မဟုတ်တဲ့ အခါကျတော့ ရိုက်ခဲ့လို့သာ ကိုယ့်နာမည် တပ်ရမှာ၊ အမှန်တကယ် တော့ မပန် မတပ်ချင်ဘူး။ ကိုယ့်မှာ ဒါရိုက်တာ အရည်အချင်းလည်း မရှိသေးပါ ဘူး။ ဒါပေမဲ့ မပန်လည်း ကြိုးစားပြီးရိုက်ခဲ့တာပါ” လို့ ဒါရိုက်တာ နာမည်တပ်ဖြစ်ပုံကိုလည်း ရှင်းပြခဲ့ပါတယ်။
ခိုင်ဝေလွင်
ဆက်လက်ဖတ်ရန်>>