ပရိတ်သတ်ရဲ့ဆုံးဖြတ်ချက်ကို ခံယူမယ်ဆိုတဲ့ ၀ိုင်းစုခိုင်သိန်း
ရေးသားသူ:
Hyper Top Computer Centre
ဝိုင်းစုခိုင်သိန်းရဲ့ ‘မျက်လှည့်’အခွေ ပရိသတ်နဲ့ လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁ ရက်နေ့၊ ညနေ ၃ နာရီက ပြည်လမ်း တော်ဝင်စင်တာမှာ ကျင်းပခဲ့ပါတယ်။ ‘မျက်လှည့်’ အခွေထွက်ရှိခြင်းကို အနုပညာမောင်နှမများဖြစ်ကြတဲ့ ဖိုးကာ၊ ရဲတိုက်၊ နန္ဒ၊ ကျော်ကျော်ပိုင်မှူး၊ ရတနာမိုင်တို့က လာရောက်ကူညီပေးကြပြီး ပရိသတ်များ အများအပြား လာရောက်အားပေးမှုနဲ့ အောင်မြင်မှုရခဲ့ပါတယ်။ ဒီအခွေနဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းက”အခုက တိပ်၊ စီဒီပဲရှိသေးတော့ ဘာမှ ထူးထူးခြားခြားတော့ မလုပ်ဖြစ်သေးဘူး။ ဗီစီဒီကျရင်တော့ ဘယ်လိုလုပ်ဖြစ်မယ်မသိသေးဘူး။ အခုဆို ပရိသတ်တွေက တော်တော်များတယ်။ ဝိုင်းစု ရင်လည်းတုန်တယ်။ ဘာလို့လဲဆိုတော့ ဒီအခွေက ဝိုင်းစုတစ်ယောက်တည်းဆိုထားတာလည်းဖြစ်တယ်။ ဖီးချားရင်းလည်းမပါတော့ ပိုပြီးရင်တုန်ရတာပေါ့။ ဒါပေမဲ့ ဝိုင်းစုက ဆုံးဖြတ်ထားတယ်။ ဘာကြီးပဲဖြစ်ဖြစ် ပရိသတ်က အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ ပရိသတ်ဘာပဲပေးပေးခံယူဖို့ အဆင်သင့်ပါပဲ။ ဗီစီဒီရိုက်ဖို့ကိုလည်း တော်တော်များများ စဉ်းစားထားပြီးပါပြီ။ အခုလက်ရှိ ဒါရိုက်တာတွေ ပြောတာတွေကို ဝိုင်းစုကြိုက်တယ်။ ဒီအခွေထဲမှာ ဝိုင်းစုခံစားချက်နဲ့ တိုက်ဆိုင်တယ်ဆိုတာထက် ခံစားချက်တစ်ယောက် တစ်မျိုးစီရှိကြတဲ့ ပရိသတ်တွေအတွက် အဲဒီလိုပုံစံမျိုးကို ပြောပြစရာမလိုလောက်အောင် တေးရေးတွေက ရေးပေးကြတာပါ။ ပရိသတ်တွေလည်း ဝိုင်းစုရဲ့ ‘မက်လောက်စရာ’ကို အားပေး သလိုပဲ ‘မျက်လှည့်’ကိုလည်း အားပေးပါဦး”လို့ပြောပါတယ်။
ဗီစီဒီထွက်ဖို့အတွက်ကိုလည်း အမြန်ဆုံးစီစဉ်နေတယ်လို့ ပြောတဲ့ဝိုင်းစုခိုင်သိန်းက စီဒီနဲ့ဗီစီဒီကို သိပ်မကွာအောင် အမြန်ဆုံးထွက်နိုင်ဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။
ဝဿန်
Subscribe to:
Post Comments (Atom)
0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။