ဟာသသရုပ်ဆောင် ကျော်ထူးစီစဉ်တဲ့ ကဗျာဘွဲ့မှူးရဲ့ One Lady Show ကို အောက်တိုဘာ ၈ ရက်နေ့က အမျိုးသား ကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ ပွဲစီစဉ်ရတဲ့ အခက်အခဲတွေကိုလည်း ကျော်ထူးက ”ဒီပွဲကို စီစဉ်တာ နဲ့ ပတ်သက်ပြီး အနုပညာသမားတွေ အမြင်၊ ပတ်ဝန်းကျင်ရဲ့အမြင်က တစ်မျိုးတစ်မည် ထင်ကောင်းထင်ပါ လိမ့်မယ်။ အနုပညာ အင်ပါယာချဲ့တယ်ပေါ့။ အမှန်တော့ အနုပညာနဲ့ ပတ်သက်ရင် အရာရာကို လုပ်ချင်တဲ့ ဆန္ဒကြောင့်ပါ။ ဒီပွဲမှာပိုပြီး အတွေ့အကြုံတွေ ရလာတယ်။ အရင်တုန်းက ဆိုရင် ဒါရိုက်တာ ကနေပြီး ကိုကျော်ထူး ကားရိုက်မယ် ရိုက်ကွင်းလာခဲ့၊ အဝတ်အစားက ဘာဝတ်ရမယ်ပေါ့။ ရိုက်ကွင်းရောက်တော့ ဒိုင်ယာလော့ ချတယ်။ ဒါပဲလေ။ ကိုယ်လုပ်နေကျ အလုပ်ဖြစ်တဲ့ အတွက် အခက်အခဲ ရှိပေမယ့်လည်း သက်သာတယ်။ အခုပွဲစီစဉ်ရတာက ကိုယ်လုပ်နေကျ အလုပ်တစ်ခု မဟုတ်တဲ့ အတွက် အခက်အခဲက ပိုများသလို၊ ပိုလည်း ပင်ပန်းတယ်။ ကြော်ငြာ စပွန်ဆာရဖို့အတွက် လုပ်ရတာလေ။ သွားလေရာ နေရာမှာ ဘယ်နေရာမှာ ကြော်ငြာဘုတ် ထောင်လို့ အဆင်ပြေနိုင်မလဲ ဆိုပြီး ကြည့်ရတာ အမောပါပဲ။ ဒါတွေက အတွေ့အကြုံတွေပဲပေါ့” လို့ ပြောပါတယ်။ စတိတ် အပြင်အဆင်ပိုင်းကိုတော့ ကဗျာဘွဲ့မှူးက သူ့စိတ်ကြိုက် ပြင်ဆင်မှာဖြစ်ကြောင်း၊ အဆိုတော်တွေ ဖိတ်တာ၊ တီးမယ့်တီးဝိုင်းတွေ ကအစ ကဗျာဘွဲ့မှူးရဲ့ စိတ်ကြိုက်ပဲဖြစ်ပြီး ဘာတစ်ခုမှဝင်မစွက်ဖက်ခဲ့ဘူးလို့ ကျော်ထူး ကပြောပါတယ်။ ကဗျာဘွဲ့မှူးတို့ အဆိုပိုင်း ခဏနားတဲ့အချိန်မှာ သူနဲ့အတူ ဧရာ၊ ကင်းကောင်၊ တိမ်ညွန့်၊ ငှက်ပျောကြော်၊ မန်းဝင်းတို့ ကလည်း တစ်ခန်းရပ် ဟာသပဒေသာများနဲ့ ဖျော်ဖြေခဲ့ကြတယ် လို့လည်း သိရပါတယ်။   
လင်းအက္ခရာ

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။