အခု လတ်တလော ဗီဒီယို ရိုက်နေတယ်။ ကိုခန့်စည်သူနဲ့ အဘယ်ကြောင့်ဆိုတဲ့ ဇာတ်ကားလေး ရိုက် နေတယ်။ ရှေ့ဆက်ပြီး ဒီအနုပညာ အလုပ်တွေပဲ ဆက်လုပ်ဖို့ ရှိတယ်။ ထူးထူး ခြားခြားတော့ ဘာမှ မရှိပါဘူး။ ဇာတ်လမ်းရွေး ချယ်တာကတော့ လာ ပေးကတည်းက သက်မွန်လုပ်နိုင်မယ့်၊ သက်မွန်နဲ့ လိုက်မယ့် ပုံစံတွေပဲလာ ပေးတယ်။ အာဒံ ဧဝ ဒသကို ပရိသတ်တွေ အားပေးတဲ့အတွက် သက်မွန် ဝမ်းသာပါတယ်။ ဒီကားနဲ့ အကယ်ဒမီရဖို့ဆိုတာ ကိုယ်ကတော့ လိုချင်တာတော့ ရှိပါတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ မမျှော်လင့်ရဲဘူး။ အကယ်ဒမီဆိုတာ လက်ထဲရောက်မှပဲ ဝမ်းသာရမှာပေါ့နော်။ သက်မွန်လည်း အကယ်ဒမီကို လိုချင်သလို ဒီကားမှာ သရုပ်ဆောင်တွေ အားလုံးက ကြိုးစားပြီး သရုပ်ဆောင် ထားတာဆိုတော့ အားလုံးကို ရစေချင်ပါတယ်။ အကယ်ဒမီဆိုတာက ကံလည်း ပါမှရမှာလေ၊ ကိုယ်မျှော်မှန်းတိုင်းလည်း ဖြစ်လာတာမှမဟုတ်တာ။ အာဒံ ဧဝ ဒသ ကားလေးကို သက်မွန် လည်း ကျေနပ်ပါတယ်။ ရိုက်တုန်းကတည်းက အရမ်းလည်း ကြိုးစားခဲ့တယ်။ အရမ်း ပင်ပန်း ခံရတဲ့ ကားလေးပါပဲ။ ပရိသတ်က အားပေးတဲ့အတွက် သက်မွန် အတိုင်းထက် မက ဝမ်းသာ ပါတယ်။

                                                   

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။