ပရိသတ်က မစိုးမိုးကို အမေခန်းမှာ ရိုက်တာကြိုက်တယ်လို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ပရိသတ်ကိုလည်း ကိုယ့်ရဲ့တတ်နိုင်တဲ့ အနုပညာနဲ့ ပေးဆပ်ရတဲ့အတွက် ကျေနပ်မိတယ်။ မစိုးမိုးကို ပရိသတ်က ချစ်တယ်ဆိုတာ ကလည်း မစိုးမိုးကို တူသောအကျိုးပေးတာလို့ ပြောချင်တယ်။ ကိုယ်ကလည်း ပရိသတ်တွေ အားလုံးကို ချစ်တယ်။ ပရိသတ်တွေ အားပေးလို့လည်း အခုထက်ထိ အနုပညာလောကမှာ မစိုးမိုးရပ်တည် နေနိုင်တာပေါ့။ မစိုးမိုးကလည်း ပရိသတ်ကို အမြဲမေတ္တာထားတယ်။
ဒါကြောင့် မေတ္တာက ရောင်ပြန်ဟပ်တာ ထင်တယ်။ လေးလေးနက်နက်ပဲ ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးပဲဖြစ်ဖြစ် ကိုယ်သရုပ်ဆောင်ရတဲ့ နေရာမှာ ပီပီပြင်ပြင် လေးလေးနက်နက် သရုပ်ဆောင်ချင်တယ်။ ပရိသတ်ကို မညာချင်ဘူး။ ကားတစ်ကားမှာ အားလုံးပါဝင်ကြိုးစားရပေမယ့် ဒါရိုက်တာက ပိုအရေးကြီးတယ်။ အားလုံးအတွက် စဉ်းစားရတာဆိုတော့ မစိုးမိုးတို့ထက်ကို ပိုပြီး အရေးကြီးတယ်။ ပိုစိတ်ရှုပ်ရတယ်။
ဇာတ်ကားကြီးတစ်ကားမှာ မစိုးမိုးနာမည်ထိုးတော့ နာမည်ရှေ့မှာ အကယ်ဒမီမစိုးမိုးကြည်ဆိုပြီး ထိုးထားတာ။ အမှန်တကယ်တော့ အနုပညာလောကမှာ မစိုးမိုးက ကြာပြီဆိုပြီး အကယ်ဒမီ ရပြီးပြီလို့ တချို့ကထင်ကြတာ တချို့ပရိသတ်တင်မကဘူး။ စာစောင်တွေမှာတောင် အကယ်ဒမီမစိုးမိုးကြည်ဆိုပြီး ရေးကြတာ၊ အဲဒါကြောင့် အဲဒီတုန်းက မစိုးမိုး အကယ်ဒမီမရသေးပါဘူး လို့တောင် ပြန်ဖြေခဲ့သေးတယ်။
ဒါပေမဲ့ အားလုံးထင်တဲ့အတိုင်း အကယ်ဒမီ စိုးမိုးကြည်ဆိုပြီး မစိုးမိုးလည်း ဖြစ်စေချင်တယ်။ မစိုးမိုးအကယ်ဒမီ လွဲခဲ့တဲ့ အမှတ်တရကားဆိုရင် ဟိုးအရင်က ဒါရိုက်တာ ဦးမျိုးမင်းရိုက်ခဲ့တဲ့ မျှော်လင့်ခြင်းများစွာဆိုတဲ့ ဇာတ်ကားပေါ့။ အဲဒီတုန်းကလည်း တော်တော်လေး ရင်ခုန်ခဲ့ရပြီး အကယ်ဒမီနဲ့ လွဲခဲ့ရတယ်။ ဒါကြောင့် မစိုးမိုး အကယ်ဒမီမရသေးပါဘူးလို့ ပြောချင်ပါတယ်။

Ref : မြန်မာသတင်းရပ်ဝန်း

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။