Tuesday,
Sep
6,

သစ်သားရုပ်လေးတွေနဲ့ USB Stick

                                            
သစ်သား ရုပ်ကလေး တွေနဲ့ USB Stick တွေ တီထွင် လိုက်ပါပြီ။ ဆင်၊ မြင်း၊ ကျား၊ ဝက်ဝံ စတဲ့ တိရစ္ဆာန် လေးတွေကို သစ်သား ပေါ်မှာ သရုပ်ဖော် ပုံထုလုပ်ပြီး USB Stick တပ်ထားတဲ့ အတွက် အမြင်ဆန်းသစ် စေပါတယ်။ လောလောဆယ် တိရစ္ဆာန် ၅ ကောင်နဲ့ ထုတ်လုပ်ထားပြီး နောက် ပိုင်းမှာ အခြား တိရစ္ဆာန်တွေနဲ့ တိုးချဲ့ ထုတ်လုပ် သွားမယ်လို့ ဆိုပါတယ်။ ထုတ်လုပ်သူ အဆို အရကတော့ တောတွင်း တိရစ္ဆာန်လေး တွေကို ကြင်နာ တတ်အောင် အခုလို ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ပြောကြား ထားသော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ က သစ်သား အမြောက်အများ ထုတ်လုပ်မှာကို စိုးရိမ်နေကြပါတယ်။

                                                                                        

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။