စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ခုမှာ ဆုံခဲ့တဲ့ မပန် (ဆုပန်ထွာ) က လက်ရှိ ဒါရိုက်တာ ကိုမိုးဦး၊ မင်းသား နေမျိုးအောင် တို့နဲ့ ဗီဒီယို တစ်ကား ရိုက်နေ ပါတယ်လို့ သူမရဲ့လတ်တလောလှုပ်ရှား မှုအကြောင်းကို ပြောသွား ခဲ့ပါတယ်။ စက်တင် ဘာလ (၁၀)ရက် နေ့မှာကျင်းပ မယ့် ရွှေဥရဲ့ လက်ဝတ် ရတနာပြပွဲကြီးမှာ ပါဝင် ပြသပေးမယ့် မပန်က ရှိုးပွဲ လျှောက်ရခြင်းနဲ့ ပတ်သက်ပြီး- 
မပန်တို့ show လျှောက် တဲ့အခါ Weeding showတွေ တခြား show တွေ အများကြီးရှိတဲ့ အထဲက ကိုယ်ခင်မင်ရာ ခင်မင်ကြောင်း လာ ပြောတဲ့အခါ လက်ခံဖြစ်သွားတာပါ။
ဥပမာ- ဂျွန်လွင်တို့ လုပ်တဲ့show တွေ ဘာတွေဆိုလည်း ဒါအရင်က ကိုယ် လုပ်ခဲ့တဲ့ အလုပ် တွေပဲလေ။ ပြီးတော့ ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ပြီး show လျှောက်တဲ့ အခါ ကမောက် ကမလေး တွေတော့ ရှိတာပေါ့။ဒါက မပန်တို့ ဒီမှာမှမဟုတ်ပါဘူး။ အရင် နှစ်ကလည်း အမေရိကားက Miss Universe မှာဆို လည်း ချော်လဲတာမျိုး ဖြစ်ဖူးတာပဲ။ သီချင်းဆိုတာပဲဖြစ်ဖြစ်၊show လျှောက် တာပဲဖြစ်ဖြစ် ပရိသတ်နဲ့တိုက်ရိုက်ထိ တွေ့တဲ့အခါ အမှားအယွင်းလေးတွေ ရှိတော့ အတတ်နိုင်ဆုံး မဖြစ်အောင် ကြိုးစားပြီး လုပ်ရတာပါပဲ။
သရုပ် ဆောင်တာက မှားရင် ပြန်ရိုက်လို့ရတယ်။ မပန်စင်ပေါ်မှာတက်ပြီး သီချင်း ဆိုခါနီးပြီဆို မပန်ကြောက်တဲ့စိတ်အမြဲ ဖြစ်တယ်။ အဲဒီတော့ စိတ်ထဲကနေ စင်ကိုကန့်တော့တာတို့၊ အနန္တော အနန္တငါးပါးကို ဦးထိပ်ထားကန်တော့ တာတို့က ကိုယ့်ရဲ့ယုံကြည်မှုပေါ့နော်။ အဲဒါလေး တွေတော့ စင်ပေါ်တက်ခါ နီးတိုင်း ဆုတောင်းဖြစ်တယ်။ ကိုယ် မမြင်ရတဲ့ အခက်အခဲ လေးတွေ အတွက် အားလုံးကို မေတ္တာပို့ပြီး အမြဲတမ်း ဆုတောင်းဖြစ်ပါတယ်။


0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။