Gmail မှာ facebook တွဲပြီးသုံးရအောင်

ဖေ့စ်ဘုတ်ခ် အကောင့်ကို ဂျီမေးလ်စာမျက်နှာပေါ်မှာ add လုပ်ပြီး သုံးလို့ရပြီ ဖြစ်ပါတယ်။
အဲ့လိုလုပ်မယ်ဆိုရင် အရင်ဆုံး ဂျီမေးလ်စာမျက်နှာကို ဝင်လိုက်ပါ။ ပြီးရင် sign out လုပ်တဲ့ button ကိုနှိပ်ပြီး Account Settings ထဲဝင်ပါ။ ပြီးရင်တော့ Gmail ဘေးက setting ထဲကအပေါ်ဖက်အခန်း labs ကိုသွားပါ။
Labs ထဲကို ရောက်တဲ့အခါ add any gadget by URL ဆိုတာကို Enable လုပ်ပြီးအောက်ဆုံးဘယ်ထောင့်က  save changes လုပ်လိုက်ပါ။ ဂျီမေးလ်စာမျက်နှာ restart ဖြစ်သွားပါလိမ့်မယ်။ နောက်ထပ် ဂျီမေးလ်စာမျက်နှာ ပြန်ပေါ်လာပြီဆိုရင်တော့ mail setting ထဲကအပေါ်ဖက်ကအခန်း gadgets ကိုသွားပြီး Add ဒီမှာ ပြထားတဲ့(link) hosting.gmodules.com/ig/gadgets/file/104...0329537/facebook.xml လေးဒီ gadgets ထဲမှာ Add ထည့်လိုက်ပါ။
အဲသည်အဆင့်တွေ အားလုံးပြီးသွားရင်တော့ ဂျီမေးလ်စာမျက်နှာရဲ့ ဘယ်ဘက်အောက် နား invite bar ရဲ့ အောက်မှာ facebook link တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲသည် link က extand ကို ကလစ်လိုက်ရင် ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ နောက်တော့ ဖေ့ဘုတ်ခ် ဝင်စရာ မလိုပဲနဲ့ ဂျီတော့ကနေပြီး Facebook က သူငယ်ချင်းတွေကို ချက်လို့ရပါပြီခင်ဗျာ။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။