နေခြည်နမ်းတဲ့လ

သူငယ်ချင်းဆိုတဲ့ အရာထက်
တခြားတစ်စုံတစ်ရာကို
ပိုမမက်မောခဲ့မိတာ
ငါပဲ အပြစ်ဖြစ်ခဲ့လား.....ဟင်


နင်က မှန်တစ်ချက်မဟုတ်ခဲ့တော့
ကိုယ်ပေးသလောက် ပြန်မရတဲ့အခါ
ရင်က ...
တဆတ်ဆတ်နာကျင်လာရတယ်......


အနာဂတ်မှာလည်း
နင့်ဥပေက္ခာတရားတွေနဲ့
ငါ ရင်ဆိုင်ရအုံးမယ်....


ဝဋ်ကြွေးလို့ သတ်မှတ်ရမယ်ဆိုရင်တောင်
ငါ့အတွက်ပေးဆပ်မှုက
လေးလံလွန်းပါရဲ့ဟာ....


ဒါပေမယ့်
မနက်ဖြန်ဆိုတာ ရှိနေသရွေ့
ငါ့ကို မျှော်လင့်တမ်းတခွင့်တော့ပေးပါနော်.....။


                                        နှင်းသံချို

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။