ကော်ဖီသောက် များခြင်း


                                                     
တစ်နေ့ကို ကော်ဖီ တစ်ခွက်၊ နှစ်ခွက် သောက်တာဟာ ပြဿနာ မရှိပေမယ့် ဒီထက်ပိုပြီးသောက်ရင်တော့ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တွေ များလာနိုင်ပါတယ်။ နှလုံးခုန် မြန်တာ၊ သွေးတိုး စေတာ၊ ကတုန်ကယင် ဖြစ်တာ၊ မောပန်း နွမ်းနယ်ပြီး ခြေလက်တွေ မသယ်ချင် ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဖြေရှင်းနည်း
ကော်ဖီ သောက်တာကို ချက်ချင်း ရပ်ပြီး လုံးဝ မသောက်တော့ တာမျိုး မလုပ်ပါနဲ့။ သင်ဟာ ကော်ဖီကို မဖြစ်မနေ သောက်တတ်သူ တစ်ယောက် ဖြစ်မယ် ဆိုရင် တစ်နေ့ကို ကော်ဖီ တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်ထက် ပို မသောက်ပါနဲ့။ ညဘက် အိပ်ရာ မဝင်မီ မသောက်မိ ပါစေနဲ့။ မနက်စာ စားတဲ့အခါ ကော်ဖီ သောက်ပေးတာက လုပ်ငန်းခွင် ဝင်တဲ့ အခါ တက်ကြွ ရွှင်လန်း စေပါတယ်။ ကဖင်းဓာတ် ပမာဏ များများ ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အချိုရည်နဲ့ ဆေးဝါး တချို့ကို တတ်နိုင်သမျှ ရှောင်ပါ။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။