Web design မှာသုံး


ဝက်ဘ်ဆိုက်ရေးဆွဲတာပဲဖြစ်ဖြစ်၊ ဆော့ဖ်ဝဲ ဖန်တီးတာပဲဖြစ်ဖြစ် သုံးစွဲသူတွေရဲ့ အမြင်အာရုံ ပသာဒဖြစ်ဖို့ လိုပါတယ်။
သင့်ပရောဂျက် ဘက်ဂရောင်းအတွက် တစ်မူထူးခြားတဲ့ ဒီဇိုင်းတွေရဖို့ ဝက်ဘ်ဆိုက် တစ်ခုရှိပါတယ်။ သည်ဆိုက်မှာ အရည်အသွေးမြင့် texture များစွာ ရှိနေတယ်။
နှစ်သက်တာကို ရွေးယူပြီး ကိုယ့်အနုပညာနဲ့ ပေါင်းစပ် ဖန်တီးရုံပါပဲ။ တခြား ဆိုက်တွေထက် ထူးတာက သူတို့ကိုယ်ပိုင် ဓာတ်ပုံဆရာတွေ ရိုက်ကူးတဲ့ ပုံတွေကိုသာ သည်ဆိုက်မှာ တင်တာပါပဲ။
အဲဒါကြောင့် သည်ဆိုက်နဲ့ လုံးဝ ထပ်တူမရှိဘူးလို့ အာမခံနိုင်ပါတယ်တဲ့။ လိပ်စာက www.startextures.com ပါ။

                                                                                              Ref : The Modern Weekly

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။