ကမ္ဘာမှာ ဈေးအကြီးဆုံး ခွေး

အံ့သြဖွယ်ရာ၊ ပေါင်စတာလင်တစ်သန်း ( ဒေါ်လာ၁.၅၄၈၅သန်း ) ရှိမယ်ဆိုရင် သင့်ကို တန်ဖိုးအကြီးဆုံး သတ္တ၀ါတစ်ကောင် ပို့ပေးပါလိမ့်မယ်။ အနီရောင် တိဘက်ခွေးဘီလူးတစ်ကောင်ကတော့ တရုတ်နိုင်ငံသုံးယွမ်ငွေ ၁၀ သန်း (ဒေါ်လာ ၁.၅ သိန်း)နဲ့ဝယ်ယူခြင်းခံရလို့ တန်ဖိုးအကြီးဆုံး ဆိုတဲ့ ဘွဲ့ကို ပိုင်ဆိုင်သွားပါပြီ။ တရုတ်နိုင်ငံမြောက်ပိုင်းမှ ကျောက်မီးသွေးတွင်းသူဌေးတစ်ဦးက ၀ယ်ယူသွားတာဖြစ်ပါတယ်...
အလေးချိန်ပေါင် ၁၈၀ ရှိပြီး ကြက်သား၊ အမဲသားအပါအ၀င်၊ တန်ဖိုးကြီသည့်တရုတ်ရိုးရာအစားအစာ များဖြစ်သည့် ပင်လယ်ရေခူ၊ မုတ်ကောင်များကိုသာစားတတ်သည့် အဆိုပါခွေးအတွက်ကတော့ယခုလို သန်းကြွယ်သူဌေးပိုင်တာ ကံကောင်းတယ်လို့ ပြောရမလားပဲ။

Pricey pup: A Red Tibetan Mastiff called Big Splash has become the world's most expensive dog

မြန်မာငွေနဲ့ဆိုရင်တော့ ..ဟဲဟဲ မပြောရဲတော့ပါဘူးနော်။ အဲဒီအဖျားတောင် မချမ်းသာလို့။

တိဘက်ခွေးဘီလူးများဟာ ကိုယ်အလေးချိန် ၂၈၆ ပေါင် ( ရပ်ဘီကစားသမားတစ်ယောက်ရဲ့ ကိုယ်အလေး
ချိန်နီးပါး ) အထိရှိလာနိုင်တာမို့ သူ့ ရဲ့ ပိုင်ရှင်ကတော့ အိမ်ကြီးကြီးတစ်လုံးလည်း လိုအပ်မှာအမှန်ပါပဲ...
၁၁ လသားရှိသည့် ထိုခွေးဘီလူးဟာ ချွတ်ယွင်းချက်မရှိသည့် အကောင်းဆုံးမျိုးဖြစ်တာမို့ သူ့ အတွက် ယခု
လောက်ငွေကုန်ကြေးကျခံပြီး ၀ယ်ယူခြင်းဟာ လုံးဝတန်ပါတယ်လို့ ခွေးမျိုးစပ်ရောင်းသူ လူလျန်း ရဲ့ အဆို
အရသိရပါတယ်....

Worth its weight in gold? The Red Tibetan Mastiff has become a sought-after breed among rich Chinese, with one selling recently for almost £1mရွှေနဲ့ ချိန်စက်ပြီးဝယ်လေသလားပါပဲ...
                                                                            Worth its weight in gold?


ဒီခွေးကို ပြုစုစောင့်ရှောက်ဖို့ ၀န်ထမ်းတွေအများကြီးခန့် ရ၊ လစာငွေတွေအများကြီးပေးရပါတယ်....
ပိုင်ရှင်အနေနှင့် ထို ပိုက်ဆံကြီးကို ခွေးအမတစ်ကောင်နှင့်မျိုးစပ်ပါက တစ်ကြိမ်လျှင် ဒေါ်လာ ၁၅၀၀၀ ရ
ရှိတောင်းယူနိုင်မှာဖြစ်ပါတယ်... " လို့ မျိုးစပ်ရောင်းသူ ကဆိုပါတယ်...ဒါက ချမ်းသာတဲ့သူတွေမှ ဖြုန်းနိုင်တဲ့သဘောပေါ့။

အနီရောင်ဟာ တရုတ်လူမျိုးများရဲ့ ကံကောင်းခြင်းဖြစ်လို့ ဒီလိုခွေးကိုပိုင်ဆိုင်ရင် ကံကောင်းခြင်းတွေ ယူဆောင်လာနိုင်တယ်လို့ အယုံကြည်ရှိကြပါတယ်။

ခွေးများဟာ လူအဖြစ်ပြန်ဝင်စားနိုင်ဖို့ သို့ တည်းမဟုတ် ရှန်ဘားလားဟုခေါ်သည့် ကောင်းကင်ဘုံ၊နတ်နန်း
သို့ ရောက်ရှိနိုင်ရန် ကုသိုလ်ကံအလုံအလောက်မရှိသေးသသည့် ဘုန်းတော်ကြီးများ၊ သီလရှင်များ၏၀ိဥာဉ်များ ပြန်ဝင်စားကြသည်ဟု တိဘက်များကယုံကြည်ကြပါတယ်...
အဆိုပါတိဘက်ခွေးဘီလူးများကိုပိုင်ဆိုင်ခဲ့ ကြသူများတွင် ၀ိတိုရိယဘုရင်မကြီး၊ စတုတ္တမြောက်ဂျော့ ဘုရင်
နှင့် အနောက်ဥရောပကိုအောင်နိုင်စေရန်အတွက် (ချီတက်ခဲ့ စဉ်) ၎င်း၏စစ်တပ်နှင့် အတူ ခွေးပေါင်း ၃၀၀၀၀ ကိုတစ်ပါတည်းခေါ်ဆောင်သွားခဲ့ သည့် မွန်ဂိုဘုရင် ဂျင်ဂျစ်ခန် လည်း ပါဝင်ပါတယ်...
ယခုအခါတွင်ဗြိတိန်နိုင်ငံ၌ တိဘက်ခွေးဘီလူးပေါင်း အကောင် ၃၀၀ ခန့် သာရှိပြီး ခွေးသားပေါက်လေးများ
အား တစ်ကောင်လျှင် ဒေါ်လာ ၁၄၀၀ မှ ၁၅၀၀ ကျော်အထိ သင့် တင့် မျှတသော နှုံးထားဖြင့် ရောင်းချနေ
ကြပါတယ်...
တိဘက်ခွေးဘီလူး သားဖေါက်ရေဂျိန်းစ်ပယ်လီကတော့ "  ထိုခွေးဘီလူးများဟာ အလွန်တတ်သိလိမ္မာကြပြီး ဘေး
အန္တရယ်များကျရောက်မှာကိုလည်း အလွန်တိကျစွာ အာရုံခံသိရှိနိုင်ကြပါတယ်...
တိဘက်ခွေးဘီလူးများကို မူလက ကျွဲ၊နွား၊သိုး၊ဆိတ် မွေးမြူရေးတိ၇ိစ္ဆာန်များအားထိန်းကျောင်းရန်အသုံးပြု
ခဲ့ ကြပြီး သူတို့ ဟာတစ်ခြားသောတိရိစ္ဆာန်များနှင့် လည်း သင့် မြတ်ကာ ကလေးများကိုလည်း ချစ်ခင်တွယ်
တာတတ်ကြပါတယ်...
ကျွန်တော့ မှာ ခြောက်ကောင်ရှိပြီး သူတို့ ကိုချစ်ကြောင်းမပြယင်၊ ဂရုမစိုက်ပဲနေယင် တီဗီရှေ့ မှာသာ သွား
ထိုင်နေကြတော့ တာပါပဲ..." လို့ ပြောပြခဲ့ ပါတယ်...

ယခင်က ကမ္ဘာ့ ဈေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးခွေးဘွဲ့ ကို ယခင်နှစ်က ပေါင်စတာလင် ၉၁၅၀၀၀ ( ဒေါ်
လာ ၁၄၉၉၃၅၉ နီးပါး) တန်ဖိုးရှိသည့် ခြင်္သေ့ နီ ဟုအမည်ရသည့် တိဘက်ခွေးဘီလူးက ပိုင်ဆိုင်ရရှိခဲ့ ပါ
တယ်...ခုတော့ သူက စံချိန်ချိုးသွားပြီတဲ့။
ဘယ်လိုလဲ.... ၀ယ်ချင်ရင်ထီထိုးကြနော့။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။