ကနေဒါလူမျိုးပေါ့စတား ဂျပ်စတင်ဘီဘာကို ဟောလိဝုဒ်တွင် အချမ်းသာဆုံး ဆယ်ကျော်သက်အဖြစ် People မဂ္ဂဇင်းက ရွေးချယ်ခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် မေလမှ ၂၀၁၁ ခုနှစ် မေလအထိ ဘီဘာရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅၃ သန်းရှိပါတယ်။
အဓိကအားဖြင့် သူ့ရဲ့ ဖျော်ဖြေပွဲရုပ်ရှင် Never Say Never က ဝင်ငွေဒေါ်လာသန်း ၁၀၀ ရရှိခဲ့တဲ့အတွက် အသက် (၁၇)နှစ်အရွယ် ဘီဘာဟာ ဆယ်ကျော်သက်ဝင်ငွေရဲ့ ထိပ်ဆုံးစာရင်းကို ရောက်ရှိခဲ့ပါတယ်။ သူနဲ့အတူ Han Montana တီဗွီဇာတ်လမ်းများတွင် အဓိက ဇာတ်ကောင်ဖြစ်သူ ဝေါဒစ္စနေးမှ သရုပ်ဆောင် မိုင်လီဆိုင်ရပ်လဲ ပါဝင်ပါတယ်။
ဂျပ်စတင်ဘီဘာရဲ့ ရုပ်ရှင်က သရီးဒီနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှာ ရုံတင်ခဲ့ပါတယ်။ သီဆိုပွဲ အခြေခံရိုက်ကူးခဲ့သမျှ ကားတွေထဲမှာ ထိပ်ဆုံးကိုရောက်ခဲ့ပြီး ကွယ်လွန်သူ ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ မှတ်တမ်းတင်ကား “This Is It” ကို ကျော်လွန်ခဲ့ပါတယ်။
မေလတုန်းကလည်း ဘီဘာကို Most Powerful Celebrities စာရင်းတွင် တတိယနေရာမှာ Forbes မဂ္ဂဇင်းက ဖော်ပြပေးခဲ့ပါတယ်။ သူ့ရှေ့မှာ အဆိုတော် လေဒီဂါဂါနဲ့ တီဗွီအစီအစဉ်ဆောင်ရွက်သူ အော်ပရာဝင်းဖရေးတို့သာ ရှိခဲ့ပါတယ်။
                                                                       မြန်မာသတင်းရပ်ဝန်းမှ

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။