နောက်ပြန် နာမ်ပျောက်

လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို ရဲတွေရောက်လာတယ်။

ပထမရဲ ။။။။။ ဟာ...တော်တော်ဖြစ်သွားတာပဲ။

ဒုတိယရဲ ။။။။။ ဟုတ်တယ်။ ကြည့်စမ်း.. ခေါင်းတောင် နောက်ပြန်လည်သွားပြီ။

ပထမရဲ ။။။။။။ အသက်ရှုနေသေးတယ်။ ခေါင်းကို တည့်ပေးလိုက်ကြရအောင်

ဒုတိယရဲ ။။။။။ လာ.. ၁..၂.. ၃...အင်း.. ခေါင်းတည့်သွားပြီ။
ပထမရဲ ။။။။။ ဟာ.....အခုမှ အသက်လုံးဝမရှူတော့ဘူး။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။