ဓါတ်ပုံတစ်ပုံ ရဲ့ နောက်ကွယ်

ပူလစ်ဇာဆုရ ဆူဒန်နိုင်ငံတွင်ရိုက်ကူးခဲ့ သည့် ဓါတ်ပုံ....
Pulitzer Prize winning photograph in Sudan by Kevin Carter.


 
ဓါတ်ပုံဆရာ

ဒီဓါတ်ပုံကတော့ တကယ့် ကိုကြေကွဝမ်းနည်းစရာကောင်းလှပါတယ်...
၁၉၉၃ ခုနှစ်၊ မတ်လ တွင် ကီဗင်ကာတာတစ်ယောက် ဆူဒန်နိုင်ငံတောင်ပိုင်းသို့ ခရီးထွက်ခဲ့ ပြီးယခုဓါတ်ပုံ
ကိုရိုက်ယူခဲ့ တာဖြစ်ပါတယ်...
ထိုဓါတ်ပုံဟာသူ့ ကို နာမည်ကျော်ပူလစ်ဇာဆုကိုဆွတ်ခူးရယူနိုင်ခဲ့ သလိုသူ့ ရဲ့ သေမင်းကိုပါယူဆောင်လာ
ခဲ့ ပါတယ်...
ဓါတ်ပုံထဲမှာ အစားအစာငတ်မွတ်ခေါင်းပါးမှုဒါဏ်ကြောင့် အဟာရဓါတ်ပြတ်ကာသေလုမြောပါးဖြစ်နေသည့် 
ကလေးငယ် (မိန်းကလေး)တစ်ယောက်ဒုက္ခသည်ခိုလှုံရေး (ကယ်ဆယ်ရေးစခန်း) သို့ ရောက်အောင် အား
တင်းပြီး သွားနေခိုက် မောပန်းနွမ်းနယ်လွန်းလို့ ခေတ္တနားနေစဉ် လင်းတတစ်ကောင်က ထိုကလေးငယ်လေး
သေမည့် အချိန်ကို အနီးအနားတွင်စောင့် ဆိုင်းနေတာဖြစ်ပါတယ်...
ဒီဓါတ်ပုံကြောင့် အာဖရိကတိုက်ရဲ့ ဆာဟာရသဲကန္တာရအတွင်းတစ်စိတ်တစ်ပိုင်းပါဝင်တည်ရှိနေသည့် ဆူဒန်နိုင်ငံရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ( အငတ်ဘေး ) အခြေအနေအမှန်ကို တစ်ကမ္ဘာလုံးက သတိပြုမိခဲ့ပါတယ်။
ဓါတ်ပုံဆရာဟာ ကလေးငယ်ကို ကူညီကယ်တင်မည့်အစား မိနစ် ၂၀ လုံးလုံးအဆိုပါဓါတ်ပုံရိုက်
ကူးနိုင်ဖို့ ပြင်ဆင်စောင့် ဆိုင်းနေခဲ့ သည့် အပေါ် အသေအချာစစ်ဆေးမေးမြန်းခံခဲ့ ရပါတယ်...
ထိုဓါတ်ပုံရိုက်ကူးခဲ့ ပြီး ၃ လအကြာမှာတော့ သူဟာ ကိုယ့် ကိုယ်ကိုသေကြောင်းကြံကာ သေဆုံးသွားခဲ့ ရ
ပါတော့ တယ်....။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။