ဗြိတိန်နိုင်ငံ ဂလော်ဆက်စတာ ရှိုင်းယား ပြည်နယ် ဘစ်တွန်မြို့မှ မြင်းတစ်ကောင်၏ နှုတ်ခမ်းမှ နေ၍ လိမ်ကောက်နေသော ရွှေရောင် နှုတ်ခမ်းမွေးများ ခုနစ်လက်မ အရှည် အထိ ထွက်လာကြောင်း DM သတင်းဌာနက သြဂုတ်လ ၄ ရက် နေ့တွင် ဖော်ပြသည်။
အယ်ဖိုင် အမည်ရှိ မြင်းသည် သူ၏ နှုတ်ခမ်းမွေးများကို ရိတ်ပေးရန် ကြိုးစားတိုင်း အပြင်းအထန် ရုန်းကန်ကာ ငြင်းဆန် တတ်သောကြောင့် နှုတ်ခမ်းမွေး မရိတ်ဘဲ ထားခဲ့ရသည်မှာ ငါးနှစ်ခန့် ကြာပြီဟု မြင်းပိုင်ရှင် ဟေလေကော့တက် (၂ဝ နှစ်)က ပြောပြသည်။ ထိုမြင်း၏ နှုတ်ခမ်းမွေးသည် ဗြိတိန်နိုင်ငံရှိ မြင်းတို့၏ နှုတ်ခမ်းမွေးများ အနက် အရှည်ဆုံး ဖြစ်ကြောင်း သိရသည်။

                                                                      အင်တာနက်သတင်း

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။