တရုတ်နိုင်ငံတွင် ကမ္ဘာ့ အလျား အရှည်ဆုံး ပင်လယ်တံတားကို ဖွင့်လှစ် လိုက်ကြောင်း DM သတင်းဌာနက ဇွန်လ ၃၀ရက် နေ့တွင် ဖော်ပြသည်။ အဆိုပါ တံတားသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သော ကင်ဒေါင် နှင့် ကမ်းလွန် ပင်လယ်ပြင်ရှိ ကျွန်းဖြစ်သော ဟန်ဒေါင်းတို့ကို ဆက်သွယ် ထားပြီး ၂၆ ဒသမ ၄ မိုင် ရှည်လျားသည်။ တံတားအကျယ်သည် ပေ ၁၁၀ ရှိပြီး တံတား တည်ဆောက်ရန် အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ သုံးစွဲ ခဲ့ရသည်။ တံတား၌ ထောက်တိုင်ပေါင်း ၅၀၀၀ ကျော်ကို အသုံးပြု ထားသည်။
အဆိုပါ တံတားကို ပင်လယ်ရေအောက် ဥမင် လိုဏ်ခေါင်း တစ်ခု နှင့် အတူ ဇွန်လ ၃၀ ရက် နေ့တွင် ဖွင့်ပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ယခု တရုတ်က ဖွင့်လှစ် လိုက်သော ပင်လယ်တံတားသည် ယခင် ကမ္ဘာ့ အလျား အရှည်ဆုံး ပင်လယ်တံတား အဖြစ် စံချိန် တင်ထားခဲ့သည့် အမေရိကန်ပြည်ထောင်စု လူစီယားနား ပြည်နယ်ရှိ ပင်လယ်တံတားကြီး ထက် သုံးမိုင်ခန့် ပို၍ ရှည်လျားကြောင်း သိရသည်။

                                                                   (အင်တာနက်မှ တဆင့်မျှဝေသည်)

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။