အချစ်တွေတငွေ့ငွေ့ ၀ါးမြိုနေတာကလွဲပြီး
မနက်ခင်းတိုင်းဟာ ပြဿဒါးမကင်းဘူး...

ခဏလေးမေ့လိုက်မိတာတောင်
အလွမ်းကအံတကြိတ်ကြိတ်နဲ့ ရန်ထောင်ခဲ့....

သတိရမှာကြောက်လို့ ညတွေကို သော့ခတ်မိတော့လည်း
ကြယ်တွေက ဖုံးမရဖိမရနဲ့....

စာနာတတ်တဲ့စိတ်ကတော့
သက်ပြင်းတွေဘာတွေချလို့.....

ချစ်တဲ့အကြောင်း ပြောရလွန်းလို့လည်း
နှလုံးသားက ညှော်နံ့တွေ ထွက်နေပါပြီ.....

၁၈ နှစ်ပြည့်ရင်ကံကောင်းလိမ့်မယ် ဆိုတဲ့
ဗေဒင်ဆရာကိုပဲ မဲပြီးမုန်းလိုက်ပါတယ်......

အနာဂတ်ကတော့ ဖြူလား မည်းလား မသိသေးဘူး....
ဆီးနှင်းတွေလွှမ်းခြုံထားထားလျှက်နဲ့ 
ရင်ခွင်က ချွေးတစ်စက်စက်ကျလို့ ကောင်းတုန်းမို့
အတွေးနဲ့ပုံဖော်ကြည့်မိတော့
သံယောဇဉ်စစ်မှန်စွာနဲ့ ရစ်ပတ်ထားတဲ့
ရင်ခွင်နှစ်ခုမှာ ချစ်သူကပြုံးလို့.......။

                                ဖြိုးဝေခ

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။