ကွန်ပျူတာသုံး မြန်မာစာ စနစ် အကောင်အထည်ဖော်ခြင်း လုပ်ငန်းအဖွဲ့မှ မြန်စံ (Smart) စာစီ စာရိုက်စနစ်အား ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှစ၍ အများ ပြည်သူအသုံးပြုနိုင်ရန် အခမဲ့ ဖြန့်ချိလိုက်ကြောင်း သိရသည်။ ထို့အပြင် http://www.myanmarnlp.org.mm/keyboard တွင်လည်း သွားရောက်လေ့လာ ကြည့်ရှုနိုင်မည် ဖြစ်သည်။ ယင်း စနစ်သည် မြန်မာယူနီကုတ် စံနှုန်း အတိုင်း အတိအကျလိုက်နာထား သော မြန်မာဖောင့်များအားလုံး အတွက် အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရှိရပါသည်။
မြန်စံ(Smart)စာစီစာရိုက်စနစ် ကို ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်း လုပ် ငန်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသော ပညာရှင်များ အကူအညီဖြင့် ထုတ်လုပ်ထား ခြင်းဖြစ်ကြောင်း သိရသည်။ အသုံးပြုသူများအနေဖြင့် မြန်စံ (Smart) စာစီစာရိုက်စနစ်ကို လွယ်ကူစွာ၊ အမှားအယွင်း နည်းပါးစွာသုံးနိုင်ရန် မြန်မာသင်ပုန်းကြီး စာလုံးပေါင်းအတိုင်း ရိုက်နှိပ်နိုင်ရန်နှင့် ကွန်ပျူတာသုံးမြန်မာစာ စနစ် အကောင်အထည်ဖော်ခြင်း လုပ်ငန်းများတွင် အထောက်အကူပြုရန် ရည်ရွယ်ထုတ်လုပ်ထား ကြောင်း သိရှိရသည်။ ၎င်းစနစ်အကြောင်းကို အသေးစိတ်သိရှိလိုပါက http:/www.myanmarnlp.org.mm/keyboard တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 
အောက်မှာ ဒေါင်းလိုက်ပါ။

MyanSanKeyboard Download

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။