လူတစ်ယောက်မှာ လက်ချောင်း  ၅  ချောင်း၊ ခြေချောင်း  ၅  ချောင်း  ရှိလျှင် လူစဉ် မမီဟု ပြောကြသည်။ လက်ပွား၊ ခြေပွားလေးများ ပိုလျှင် သူများတကာထက် ပိုထူးသည်။ ကြီးပွားမည့်သူ ဟု ယူဆကြပြန်သည်။ ဒီကလေးကို မြင်လျှင်တော့ ကမ္ဘာ့ အကြီးပွားဆုံးသူ ဖြစ်မည်ဟု ဆိုကြလေမည်လား မသိ။
သူ့အမည်မှာ အက်စ်ရှတ်ဆာဇီနာ ဖြစ်ပြီး အိန္ဒိယနိုင်ငံ သားလေးဖြစ်သည်။ ၂၀၁၀ ခုနှစ် ကမှ မွေးဖွားခဲ့သော ထိုကလေး၏ လက်တစ်ဖက်စီတွင် လက်ချောင်း ၇ ချောင်း ပါရှိသည်။ လက်နှစ်ဖက်ပေါင်းလျှင် လက်ချောင်းပေါင်း ၁၄ ချောင်းရမည်။ ခြေတစ်ဖက်စီတွင် ခြေချောင်းပေါင်း ၁၀ ချောင်း တွေ့ရသည်။ နှစ်ဖက်ဆိုလျှင် အချောင်း ၂၀ ရှိမည်။ ခြေရောလက်ပါ နှစ်ခု ပေါင်းသော် အချောင်းရေ ၃၄ ချောင်း ရှိနေသဖြင့် ကမ္ဘာ့ဂင်းနစ် စံချိန်အဖွဲ့က သူ့ကို လက်ချောင်း၊ ခြေချောင်းအရေအတွက် အများဆုံး ပိုင်ဆိုင်သူအဖြစ် မကြာသေးမီက အတည်ပြု မှတ်တမ်း တင်ခဲ့ရသည်။
အက်စ်ရှတ်ဆာဇီနာလေးက လက်များရုံတင် မကဘဲ ခြေလည်းများတဲ့ ကလေးပေါ့နော်။ ကင်းခြေများ ဝင်စားတာလားမသိပါဘူးဗျာ။ မြန်မာနိုင်ငံမှာ သူ့ထက်ခြေချောင်း၊လက်ချောင်းများတဲ့ ကလေးရှိတယ်။ နောက်မှ တင်ပြအုံးမယ်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးတစ်ခွက်ပါ။